www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

တောင်ငူမြို့၏ ပဉ္စမ အကြိမ်မြောက် မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်

တောင်ငူမြို့၏ ပဉ္စမ အကြိမ်မြောက် မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်
-
နေပြည်တော်   ဒီဇင်ဘာ   ၃ 
-
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်အနီး၌ ပြုလုပ်ရာ မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်မြို့များ ရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြသည်။
-
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ပရိယတ္တိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၁၇ဝဝ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ဆရာကြီး/ဆရာလေး ၂ဝဝ ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger