www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label သံတမန်ဆက်ဆံရေး. Show all posts
Showing posts with label သံတမန်ဆက်ဆံရေး. Show all posts

Monday, December 17, 2018

မစ္စတာ ဆော်ရက်(ဘ်)ကူမားအား မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူ

မစ္စတာ ဆော်ရက်(ဘ်)ကူမားအား မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူ
-
နေပြည်တော် ဒီဇင်ဘာ ၁၇
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက မစ္စတာ ဆော်ရက်(ဘ်)ကူမားအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်ရန် အဆို ပြုချက်ကို သဘောတူညီပြီး ဖြစ်သည်။ မစ္စတာ ဆော်ရက်(ဘ်)ကူမားကို ၁၉၆၆ ခုနှစ် ဇန်နဝါရီ  ၁  ရက်တွင်  မွေးဖွားခဲ့ပြီး အိန္ဒိယနည်းပညာ တက္ကသိုလ်မှ B.Tech ဘွဲ့ကိုရရှိခဲ့သည်။ 
-
၎င်းသည် ၁၉၈၉ ခုနှစ်တွင်   အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသို့  စတင် ဝင်ရောက်ခဲ့ကာ ဟောင် ကောင်မြို့  အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး အင်ဒိုနီးရှားနိုင်ငံ၊ ဖီဂျီနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အီတလီ နိုင်ငံတို့ရှိ အိန္ဒိယ သံရုံးများတွင် လည်းကောင်း၊ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလမှ ၂ဝ၁၅ ခုနှစ် သြဂုတ်လအထိ ပြည်ပရေးရာ ဝန်ကြီး ဌာနရှိ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေး ကောင်စီအတွင်း ဝန်ရုံးတို့၌ တွဲဖက်အတွင်းဝန် အဖြစ် လည်းကောင်း၊ ၂ဝ၁၅ ခုနှစ် သြဂုတ်လမှ ယနေ့အထိ အီရန်နိုင်ငံဆိုင်ရာ  အိန္ဒိယ သံအမတ် ကြီးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင် တစ်ဦးဖြစ်ပြီး သမီးနှစ်ဦးရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 1, 2018

SENIOR GENERAL MIN AUNG HLAING RECEIVES AMBASSADOR OF ISRAEL H.E. MR. RONEN GILOR

Senior General Min Aung Hlaing receives Ambassador  of Israel H.E. Mr. Ronen Gilor
Nay Pyi Taw  October  31
-
Commander-in-Chief of Defence Services Senior General Min Aung Hlaing received H.E. Mr. Ronen Gilor, who has been appointed as the Ambassador of Israel to Myanmar, at the Parlour of Bayintnaung Villa, here this afternoon.
-
Also present at the meeting together with the Senior General were Lt-Gen Soe Htut and senior military officers of the Office of the Commander-in-Chief (Army). The Israeli Ambassador was accom-panied by the embassy officials.
-
At the meeting, they discussed views on exchange of goodwill visits between the two countries including the first goodwill visit to Israel by Myanmar Prime Minister U Nu in 1955, after both countries regained independence in 1948, broader cooperation between the two governments and the two armed forces in various sectors in a cordial atmosphere, further enhancement of the existing cordial ties, coopera-tion in the education, agriculture and health sectors, Myanmar’s road to public-aspired multi-party demo-cracy and exchange of experiences in connection with human rights.
-
After the call, the Senior General presented souvenir to the Ambassador and posed for a group documentary photo.
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. MR. RONEN GILOR အားလက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ - ၃၁
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H.E. Mr. Ronen Gilor အား  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌လက်ခံတွေ့ဆုံသည်။
-
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ထိုသို့တွေ့ဆုံရာတွင် မြန်မာ၊ အစ္စရေးနှစ်နိုင်ငံစလုံး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် အစ္စရေးနိုင်ငံသို့ ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးကို ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဦးနု သွားရောက်ခဲ့ခြင်းအပါအ၀င် နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေး ခရီး လည်ပတ်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကဏ္ဍများစွာတွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်နိုင်မည့် အခြေအနေများ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊  မြန်မာနိုင်ငံတွင် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အတွေ့အကြုံများ ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။
-
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဗင်နီဇွဲလား ဘိုလီဗာရီယန် နိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ ခန့်အပ်လွှာ ပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ  နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဗင်နီဇွဲလား ဘိုလီဗာရီယန် နိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ ခန့်အပ်လွှာ ပေးအပ်
နေပြည်တော်  အောက်တိုဘာ  ၃၁
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံ ဆိုင်ရာ  နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတ နိုင်ငံ  သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အာမက် နိုဘူ ဘာမလီသည် ယနေ့နံနက်  ၁ဝ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌  ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
-


အလားတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ  ဗင်နီဇွဲလား ဘိုလီ ဗာရီယန် နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ  ဟိုလ်ဟေ ရွမ်ဒမ် ဥဇ်ကတယ်ဂီသည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
-
အဆိုပါ သံအမတ် ခန့်အပ်လွှာပေး အပ်ပွဲ အခမ်းအနားများသို့  အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 31, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံ အစ္စရေး နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံ အစ္စရေး နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော် အောက်တိုဘာ ၃ဝ
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ရိုနယ် ဂီလာသည် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့် အပ်လွှာကို ပေးအပ် သည်။
-
အဆိုပါသံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြကြောင်း သိရသည်။
#မြ၀တီနေ့စဉ်သတင်းစာ

Saturday, October 13, 2018

မြန်မာ-မော်ရိုကို နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့် အခမ်းအနားကျင်းပ

မြန်မာ-မော်ရိုကို နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့် အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂
-
မြန်မာ-မော်ရိုကို   နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့်အခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ  အမ်ဂယ်လာရီဟိုတယ်၌ ကျင်းပရာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာတို့ တက်ရောက်ကြသည်။
-
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နှုတ်ခွန်းဆက် ဂုဏ်ပြု အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကို ဘုရင်နိုင်ငံသံအမတ်ကြီး မစ္စတာအက်ဘ်ဒယ်လီလာ အယ်လ်ဟိုစနီက နှုတ်ခွန်းဆက် စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကိုဘုရင်နိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည်  မြန်မာ-မော်ရိုကို နှစ်နိုင်ငံယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
-
ယင်းနောက်  ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊  နိုင်သက်လွင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ၄င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ
အကြီးအကဲများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။         
-  
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၂
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ  H.E. Mr. Wouter Jurgens အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
-

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့် အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်တို့ အနေဖြင့် နယ်သာလန်နိုင်ငံ အပါအ၀င် EU အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်သမျှကို သတင်းထုတ်ပြန်လျက် ရှိမှုနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိမှု၊ ရိုးသားမှု၊ အပြန်အလှန် ယုံကြည်မှုတို့အပေါ် မူတည်နေသည့် အခြေအနေများနှင့် နယ်သာလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် နိုင်ငံသံအမတ်ကြီး  H.E. Mr. Wouter Jurgen တို့သည် တက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-  

#မြ၀တီနေ့စဉ်သတင်းစာ

Thursday, October 11, 2018

Senior General Min Aung Hlaing and goodwill delegation visit Wat Ong Teu Monastery in Vientiane, Laos

Senior General Min Aung Hlaing and goodwill delegation visit Wat Ong Teu Monastery in Vientiane, Laos
Nay Pyi Taw  October  10
-
Commander-in-Chief of Defence Services Senior General Min Aung Hlaing, who is on a goodwill tour of Laos, accompanied by wife Daw Kyu Kyu Hla, Lt-Gen Than Tun Oo and senior military officers of the Office of the Commander-in-Chief (Army), Myanmar Ambassador to Laos U Ko Ko Naing, Myanmar Military Attaché (Army, Navy and Air) Col Kyaw Kyaw Min and officials, visited Wat Ong Teu Monastery in Vientiane this afternoon.
-

Senior General Min Aung Hlaing paid homage to the Buddha Image at the monastery and offered flowers, water and lights. The Senior General and wife and delegation paid respects to the Abbot Monk of the monastery who administered the Five Precepts.
-

Later, the Senior General and wife presented Pitakat treatises, offertories and cash donations to the Abbot Monk who in turn presented a Buddha Statue as a Dhamma gift. Lt-Gen Than Tun Oo and senior military officers presented offertories to the monks.
-
Merits gained were then shared. The Senior General and wife and delegation were conducted round the chamber where the 460-year old Ong Teu Mahavihan Buddha Image, the largest Buddha image in Laos, is placed, by the Abbot Monk. The Buddha Image was under renovation. The Senior General and wife offered flowers, water and lights to the Buddha image in the chamber.
-

Afterwards, the Senior General and delegation visited Office of the Myanmar Military Attaché (Army, Navy and Air) in Laos. The military attaché explained salient points. The Senior General fulfilled the requirements.
-
Then, the Senior General signed the visitors’ book. The Senior General and delegation posed for documentary photo in front of the office.
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 9, 2017

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်


မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနား တွင် 
နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
 ဒေါ်ကေသီစိုး ဂုဏ်ပြုအမှာ စကား ပြောကြားစဉ်

ရန်ကုန် ၊ ၉-၂-၂၀၁၇

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Enno- DROFENIK နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး တို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Enno- DROFENIK က မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးအောင်သန်းဌေး အား ဂုဏ်ထူးဆောင် အသိအမှတ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးအောင်သန်းဌေး က ကျေးဇူးတင်စကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံ တို့သည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝ ကျော်ကြာမြင့်ခဲ့ပြီး သြစတြီးယားနိုင်ငံ သံအမတ်ကြီးသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ အခြေစိုက်၍ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးကို ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်လမ်း အမှတ်(၃၈)A တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

#Themyawadydaily

Sunday, November 27, 2016

UNHCR ရုံးအမှုထမ်း John McKissick ၏ ကိုယ်ကျင့်သိက္ခာနှင့် မညီညွတ်သော စွပ်စွဲပြောကြားချက် များအပေါ် ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ကန့်ကွက်


နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံး အမှုထမ်း John McKissick မှ ကုလသမဂ္ဂဝန်ထမ်း တစ်ဦး၏ ကိုယ်ကျင့်သိက္ခာ နှင့် မညီညွတ်သော စွပ်စွဲ ပြောကြားချက် များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်း က UNHCR ဌာနချုပ်မှ Assistant High Commissioner (Protection) Mr. Volker Turk ထံ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ သဘောထားကို ပြောကြားကာ ကန့်ကွက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။

ဘီဘီစီသတင်းဌာန ၏ နိုဝင်ဘာ ၂၄ ရက် သတင်းတွင် ဖော်ပြပါရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံးမှ အမှုထမ်းဖြစ်သူ John McKissick မှ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး ၏ ကိုယ်ကျင့်သိက္ခာ နှင့် မညီညွတ်သော UNHCR ၏ လုပ်ငန်းများအပေါ် ထားရှိသည့် ယုံကြည်ချက် နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်ပျက်ပြား စေနိုင်သော၊ အခြေအမြစ် မရှိသည့် တစ်ဖက်သတ် စွပ်စွဲပြောကြားချက် များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် အရ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အား တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့ သော်လည်း မဟာမင်းကြီးသည် ပြည်ပသို့ ရောက်ရှိနေ၍ လည်းကောင်း၊ ဒုတိယ မဟာမင်းကြီးမှာ အားလပ်ခြင်း မရှိ၍ လည်းကောင်း Assistant High Commissioner (Protection) ဖြစ်သူ Mr. Volker Turk နှင့် နိုဝင်ဘာ ၂၅ ရက်တွင် ဂျီနီဗာမြို့ရှိ UNHCR ရုံးချုပ်၌ သွားရောက် တွေ့ဆုံပြီး ကန့်ကွက်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်း က မြန်မာနိုင်ငံအရေး ကိစ္စ နှင့်ပတ်သက်၍ ပထမအချက်မှာ ဘီဘီစီမှ ထုတ်ပြန်ခဲ့သည့် John McKissick ၏ ပြောကြားချက်ကို ၄င်းအနေဖြင့် အမှန်တကယ် ပြောကြား ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပေးရန်နှင့် ဒုတိယအချက်မှာ ၄င်းအနေဖြင့် ပြောကြား ခဲ့ခြင်းမရှိက ယင်းသို့ ပြောကြားခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန် ပေးရန်၊ ထို့ပြင် တတိယအချက် အနေဖြင့် ၄င်းက ပြောကြားခဲ့သည် ဆိုပါက ပါဝင်သည့် အချက်များသည် မှန်ကန်မှု မရှိသောကြောင့် ကန့်ကွက် ပါကြောင်း၊ ထိုသို့ ပြောကြားချက် များသည် ကုလသမဂ္ဂ ဝန်ထမ်းများ လိုက်နာရမည့် Code of Conduct နှင့် မညီညွတ်ကြောင်း၊ ယင်းသို့ ပြောကြားခြင်းသည် UNHCR ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ ၄င်း၏ ပြောကြားချက်သည် မြန်မာနိုင်ငံနှင့် အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ၄င်း၏ ပြောကြားချက် နှင့်ပတ်သက်၍ စိစစ်ပြီး ပြန်လည် ဖြေရှင်းပေးရန် မေတ္တာရပ်ခံ ကြောင်း၊ စာရေး သား ကန့်ကွက်ရန် လိုပါက စာပေးပို့သွားမည် ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

UNHCR မှ Assistant High Commissioner Mr. Volker Turk က ၄င်းမှာ ပြည်ပခရီး သွားရောက်ခဲ့ပြီး Mr. John McKissick ၏ ပြောကြားချက်ကို ယမန်နေ့ကမှ သိရှိ၍ ၄င်းအနေဖြင့် လည်းကောင်း၊ UNHCR အနေဖြင့် လည်းကောင်း အံ့သြမိပါကြောင်း၊ ယင်း ပြောကြားချက် သည်  Mr. John McKissick ၏ Individual capacity ဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း၊ UNHCR ၏ ရပ်တည်ချက်ကို ကိုယ်စားမပြု ပါကြောင်း၊ အမြဲတမ်း ကိုယ်စားလှယ် မေတ္တာရပ်ခံ ထားသည့်အတိုင်း UNHCR အနေဖြင့် ဤကိစ္စကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်ကို ပြန်လည်စိစစ်၍ ပြန်ကြားပေးမည် ဖြစ်ပါကြောင်း၊ မြန်မာအစိုးရ၊ မြန်မာပြည်သူ လူထုနှင့် UNHCR တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက် လိုပါကြောင်း၊ မည်သည့် အကူအညီမျိုး ကိုမဆို ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

UNHCR သည် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ဖြစ်၍ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး အနေဖြင့် ရှိသင့်ရှိအပ်သည့် ကိုယ်ကျင့်သိက္ခာ၊ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်း များပြည့်ဝရန် လိုအပ်ပြီး သတင်းမီဒီယာ များတွင် ကုလသမဂ္ဂ အဖွဲ့အစည်း အမည်နာမကို အသုံးပြု၍ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ဆောင်ချက် ဖြစ်၍ UNHCR အနေဖြင့် Mr. John McKissick ၏ ကိုယ်ကျင့်သိက္ခာ ပျက်ပြားသော ယခု လုပ်ဆောင်ချက် အပေါ် စိစစ်ဖြေရှင်းမှု ပြုရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger