www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2019

ဗီဇာဖြေလျှော့မှုများကြောင့် တရုတ်နိုင်ငံမှ ခရီးသွား ဝင်ရောက်မှု ပိုမိုတိုးတက်လာရေး ဆောင်ရွက်

ဗီဇာဖြေလျှော့မှုများကြောင့် တရုတ်နိုင်ငံမှ ခရီးသွား ဝင်ရောက်မှု ပိုမိုတိုးတက်လာရေး ဆောင်ရွက်
-
ပြည်ပနိုင်ငံတချို့အား ဗီဇာနှင့် ဆိုက်ရောက်ဗီဇာ ဖြေလျှော့မှုများ ပေးပြီးနောက်တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု  ၄ဝ ရာခိုင်နှုန်းအထိတိုးတက်လာသဖြင့် ယခုထက် ပိုမိုတိုးတက်လာစေရေးအတွက်တရုတ်နိုင်ငံသို့ လေကြောင်းလိုင်းများတိုးချဲ့ခြင်း၊ တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်များမှ ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ခြင်းများ ဆောင်ရွက်သွားရန်ရှိကြောင်း မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်၏ ပြောပြချက်အရသိရသည်။ 
-
ပြီးခဲ့သည့်နှစ်က ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာစေရန် နိုင်ငံတချို့အား ဗီဇာဖြေလျှော့မှုများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံလည်း ပါဝင်သည့်အတွက်ယင်းသို့ တိုးတက်လာရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ လေကြောင်းလိုင်း ရှစ်လိုင်း ပြေးဆွဲလျက်ရှိပြီး တစ်ပတ် လျှင်  ၁၅၄  ကြိမ်အထိ  ပျံသန်းလျက်ရှိရာ ထပ်မံ၍ တိုးချဲ့ပျံသန်းနိုင်ရန်  ဆောင်ရွက်မည်ဖြစ်သည်။ 
-
ထို့ပြင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပျံသန်း လျက်ရှိသည့် တရုတ်နိုင်ငံ၏ ပြည်နယ်များနှင့်လည်း ခရီးသွားလုပ်ငန်း ယခုထက်ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံအတွင်း အနောက်နိုင်ငံများမှ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုနည်းပါးလာသည့်အတွက် တရုတ်-မြန်မာ၊ ဂျပန်-မြန်မာ၊ တောင်ကိုရီးယား-မြန်မာ၊ အာဆီယံ၊ အာရှ၊ ဥရောပသမဂ္ဂ စသည့်နိုင်ငံများဖြင့် Working Group များဖွဲ့ကာ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကိုလည်း ဗီဇာဖြေလျှော့မှုများ ပြုလုပ်ခဲ့၍ ပြည်တွင်းသို့  နိုင်ငံအသီးသီးမှ ခရီးသွားဧည့်သည်ဝင်ရောက်မှုတိုးတက်လာခဲ့ကြောင်းသိရသည်။ 
-
၂ဝ၁၇ ခုနှစ်က ပြည်တွင်းသို့ လာရောက် လည်ပတ်သော နိုင်ငံခြားခရီးသွား ဧည့်သည် ၂ ဒသမ ၈ သန်းခန့်ရှိပြီး ၂ဝ၁၈  ခုနှစ်တွင် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ Master Plan အဖြစ် တစ်နှစ်ထက်တစ်နှစ်ခရီးသွား ဧည့်သည် တိုးမြှင့်ဝင်ရောက် လာနိုင်ရေးကို ၂ဝ၂ဝ  ပြည့်နှစ်အထိ  လူဦးရေခုနစ်သန်း ဝင်ရောက်ရန် မျှော်မှန်းထားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger