www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ပြည်သူ့ရင်ပြင်၌ ဆက်လက် ကျင်းပ

ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ပြည်သူ့ရင်ပြင်၌ ဆက်လက် ကျင်းပ
-
ရန်ကုန်  ဧပြီ  ၂ 
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ဒုတိယနေ့ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
-
ငြိမ်းချမ်းရေး ဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိရာဆရာတော်ကြီးများက တရားအလှူ ပေးသွားမည်ဖြစ်သည်။ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် ဉာဏ်တော်အမြင့် ၆ ပေ၊  အလျား ၅ ပေရှိ စကျင် ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် ၃ ပေရှိ စကျင်ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူ ပြည်သူအများကုသိုလ်ယူပူဇော်နိုင်ရန် အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏  မေတ္တာရိပ်အောက်တွင် ဧပြီ ၁  ရက်မှ ၁၈ ရက်ထိ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိရာ  ယနေ့တွင်ရဟန်းရှင်လူပြည်သူ အများက လာရောက်ဖူးမြော် ကြည်ညို၍ ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထား ကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဝတ်အသင်းအဖွဲ့များ ကလည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူလျက်ရှိကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger