www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့မှ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့မှ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံ
-
ကျိုင်းတုံ  ဖေဖော်ဝါရီ  ၆ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့၌ ရောက်ရှိနေသော နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့နံနက်ပိုင်း တွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ကျင်းပ သည့် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့  တက်ရောက်ပြီး အမှာစကား ပြောကြားသည်။ 
-
ထို့နောက် ကျိုင်းတုံမြို့ရှိ  ဒေသခံများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အခြေခံ အဆောက်အဦ လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်နယ်အစိုးရ၏ ဖြေကြားချက် များနှင့် နိုင်ငံတော်၏  မူဝါဒ၊  လုပ်ထုံးလုပ်နည်းများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ 
-
တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည်  ဒေသခံတိုင်းရင်းသားအဖွဲ့များက  ဂါရဝပြုပေးအပ်သည့်  ရိုးရာဓလေ့ အသုံးအဆောင်ပစ္စည်းများကို လက်ခံပြီး ဒေသခံ တိုင်းရင်းသား လူငယ်များနှင့် စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် မိုင်းတုံမြို့သို့ရောက် ရှိကြရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။ 
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲတွင် မိုင်းတုံမြို့ရှိ ဒေသခံများက လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် မီးရရှိရေးနှင့် အခြေခံအဆောက်အဦလိုအပ် ချက်ကိစ္စရပ်များကိုတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်နယ်အစိုးရ၏ဖြေကြား ချက်များနှင့် အစိုးရ၏မူဝါဒလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ 
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က  ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ  ဒေသခံ ပြည်သူများကိုယ်စား တိုင်းရင်းသားကိုယ်စားလှယ်များကလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသားအဖွဲ့ များက ဂါရဝပြုပေးအပ် သည့်  ရိုးရာဓလေ့ အသုံးအဆောင်ပစ္စည်းများကို လက်ခံပြီး ဒေသခံတိုင်းရင်းသား လူငယ်များနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ 
-
ဆက်လက်၍  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ် ဖြင့်ထွက်ခွာရာ မိုင်းဆတ် မြို့ သို့ ရောက်ရှိကြသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိုင်းဆတ်မြို့မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့်ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့တက်ရောက်သည်။ 
-
အဆိုပါတွေ့ဆုံပွဲတွင်မိုင်းဆတ်မြို့ရှိ ဒေသခံများက  သောက်သုံးရေ၊  လျှပ်စစ်မီး၊ ပညာရေး၊ကျန်းမာရေးနှင့်  ဒေသ၏အခြေခံအဆောက်အဦလိုအပ်ချက်များကိုတင်ပြကြရာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြည်နယ်အစိုးရ၏ဖြေကြားချက်များနှင့် အစိုးရ၏ မူဝါဒ နှင့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ 
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပစ္စည်းများ ကို ပေးအပ်ရာ ဒေသခံ ပြည်သူများကိုယ်စား တိုင်းရင်းသားကိုယ်စားလှယ်များက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသားအဖွဲ့များက ဂါရဝပြုပေးအပ်သည့်   ရိုးရာ ဓလေ့အသုံး အဆောင်ပစ္စည်းများကိုလက်ခံပြီး ဒေသခံတိုင်းရင်းသားလူငယ်များနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။ 
-
အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။ ညနေပိုင်းတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့သည်  မိုင်းဆတ်မြို့မှ  အထူး လေယာဉ်ဖြင့် ဆက်လက် ထွက်ခွာကြပြီး ဟဲဟိုး လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊  ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြ သည်။ 
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာပြီး  တောင်ကြီး မြို့သို့ ရောက်ရှိကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည် သူများက နှုတ်ဆက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger