www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 13, 2019

မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူးကြိုးတံတား ဖွင့်ပွဲ ကျင်းပ

-
ဘားအံ  ဖေဖော်ဝါရီ  ၁၂ 
-
ကရင်ပြည်နယ် ဘားအံမြို့သံလွင်မြစ် အနောက်ဘက်ကမ်းရှိမုက္ကဒိကျေးရွာနှင့်သံလွင်မြစ်ရေလယ်ဖားနွဲ့ကျွန်းပေါ်ရှိဖားနွဲ့ကျွန်းကျေးရွာတို့ကိုဆက်သွယ်သောမုက္ကဒိ-ဖားနွဲ့ကျွန်းလူကူးကြိုးတံတား(အိမ်မက်တံတား)ဖွင့်ပွဲကို  ယနေ့နံနက် ၉ နာရီတွင် အဆိုပါ တံတား၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့်  ဗမာတိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး  ဦးတေဇထွဋ်လှိုင်ထွေး တို့က မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူးကြိုးတံတား (အိမ်မက် တံတား)ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 
-
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။ မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူးကြိုးတံတား (အိမ်မက်တံတား)ကို၂ဝ၁၇-၂ဝ၁၈ ခုနှစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကျပ် သန်း ၃ဝဝ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေ ငွေကျပ် သန်း ၁၃ဝ တို့ဖြင့်  ချဉ်းကပ်လမ်း တစ်ဖက်လျှင် ပေ ၁၂ဝ ပါဝင်သော အရှည်ပေ ၆၄ဝ၊ အကျယ် ၆ ပေ၊ သံကူကွန်ကရစ်အုတ်မြစ်၊ Steel Deck ကြမ်းခင်း၊ ရေလမ်းကင်းလွတ်အမြင့် ၅ ပေဖြင့် Asia Capital Alliance Co., Ltd.မှ  တာဝန်ယူ တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger