www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

မြန်မာ-နိုင်ဂျီးရီးယား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

မြန်မာ-နိုင်ဂျီးရီးယား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
-
နေပြည်တော်  ဇန်နဝါရီ  ၃၁ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်ကြီး H.E.Mr. Ahmed Nuhu Bamalli အားယနေ့နံနက်၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် မြန်မာ-နိုင်ဂျီးရီးယားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်မှု နည်းပညာပိုင်းဆိုင်ရာကဏ္ဍ၊ အားကစားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ရုပ်ရှင်ထုတ်လုပ်မှု ကဏ္ဍနှင့် ကွဲပြားသော လူမျိုးစုမျိုးနွယ်များ အတူတကွ ယှဉ်တွဲနေထိုင်ရေး ကဏ္ဍတို့နှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger