www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး လက်တွေ့ သရုပ်ပြ

စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး လက်တွေ့ သရုပ်ပြ
-
ထန်တလန်  ဇန်နဝါရီ  ၃၁ 
-
ချင်းပြည်နယ် ထန်တလန်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဗီဒီယိုပြသခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၂)အခြေခံပညာ မူလတန်း လွန်ကျောင်းဆောင်ရှေ့၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပညာပေးဇာတ်လမ်းပြသပြီး မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးရွှေကျုံးလျန်က မီးဘေးလုံခြုံရေးအတွက် အိမ်တိုင်းမီးသတ်ဆေးဘူး ဆောင်ထားသင့်ကြောင်း၊ မီးဘေး အန္တရာယ်နှင့်ကြုံတွေ့လာပါက မီးဘေးလုံခြုံရေးဆောင်ရွက်ပုံ၊ကယ်ဆယ်ရေး ဆောင်ရွက်ပုံနှင့်မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို ဒေသဘာသာ စကားဖြင့်အသေးစိတ် ရှင်းလင်းကာ ကျောင်းသား၊ ကျောင်းသူများအားလက်တွေ့ သရုပ်ပြသခဲ့သည်။ 
-
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးလက်တွေ့သရုပ်ပြပွဲကို  မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူးနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၁၅ဝ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။       
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger