www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

တရုတ်နှစ်သစ်ကူးကာလ မူဆယ်ဆန် ဈေးကွက်အဝယ် ရပ်နေသောကြောင့် သိုလှောင်သူ များသာ အကျဈေးဖြင့် ဝယ်ယူနေ

တရုတ်နှစ်သစ်ကူးကာလ မူဆယ်ဆန် ဈေးကွက်အဝယ် ရပ်နေသောကြောင့် သိုလှောင်သူ များသာ အကျဈေးဖြင့် ဝယ်ယူနေ
-
မူဆယ် ဇန်နဝါရီ ၃၁ 
-
ယခုအခါ တရုတ်နှစ်သစ်ကူးကာလ မူဆယ်ဆန်ဈေးကွက် အဝယ်ရပ်နေသောကြောင့် သိုလှောင်သူများ ကသာ အကျဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး ကားအစီးရေ အနေဖြင့် ၁ဝ ရာခိုင်နှုန်းဝန်းကျင်သာ သွားလာနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှသိရသည်။ 
-
မူဆယ်ဆန် ဈေးကွက်တွင် ယခင်တစ်ပတ်က ၅ မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ်၂၃ဝဝဝ ဝန်းကျင်ရှိရာမှ ယနေ့တွင် ငွေကျပ် ၂၁ဝဝဝ ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း သိရသည်။ ''နှစ်သစ်ကူးရက် ဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က ဆန်အရောင်းအဝယ်တွေ ရပ်သွားပြီ။ ဒီရက်မှာ ဈေးနည်းနည်း သက်သာတော့ ဝယ်ပြီး လှောင်တဲ့သူတော့ရှိတယ်။ ဆန်ကဝယ်လို့ သိပ်မကောင်းဘူး။ နှစ်သစ်ကူးပြီးရင် အရောင်းအဝယ် ပြန်ဖြစ်ဖို့ မျှော်လင့်ပါတယ်'' ဟု ဦးသန်းဦးက ပြောသည်။ 
-
ထို့ပြင် ဥရောပသမဂ္ဂ ဈေးကွက်မှ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းလိုက်၍ ဆန်များကို ဈေးချ ဝယ်ယူနေသည့်အပြင် ငွေဈေး အေးနေကြောင်း သိရသည်။ ''အခုက နွေစပါးပေါ်ဖို့ကလည်း တစ်လလောက်လိုနေသေးတော့ ဝယ်တဲ့သူ တွေကလည်း ဈေးမပေးနိုင်ဘူး။ ငွေဈေးကလည်း အေးနေတော့ သူတို့ ရောင်းရတဲ့ ဈေးနဲ့ငွေဈေးနဲ့ မကိုက်တော့ အဝယ်နည်းနေတယ်'' ဟု ဦးသန်းဦးက ပြောသည်။ 
-
မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၂ သိန်းကျော်၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇၄ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁ဝ သိန်းကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂ဝ၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ခြောက်သိန်းကျော် တင်ပို့ထားကြောင်းသိရသည်။ 
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger