www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၇၈)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဆင်းပွဲ ကျင်းပ

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၇၈)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဆင်းပွဲ ကျင်းပ
-
နေပြည်တော် ဇန်နဝါရီ ၁ဝ
-
တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၇၈)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင် နီယာ) သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ်၊ ရေတပ် လေ့ကျင့်ရေးဌာနချုပ်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းတက်ရောက်မိန့်ခွန်း ပြောကြားသည်။
-
-
အဆိုပါ အခမ်းအနားသို့ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်(ရေ )များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင် တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုးများနှင့် ဖိတ်ကြားထားသူများတက်ကြသည်။
-
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက စစ်ရေးပြကွင်း အတွင်း ချီတက်နေရာ ယူကြပြီး နိုင်ငံတော် အလံအား အလေး ပြုကြသည်။
-
-
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင် စန်း က ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကိုစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြု တပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထိုသို့ချီတက်အလေးပြု နေစဉ် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ က ရန်ကုန်မြစ် အတွင်းမှ ကာကွယ်ရေးဦးစီး ချုပ်(ရေ)အား ပုံပြုချီတက်မောင်းနှင်အလေး ပြုကြသည်။
-
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ် (၇၈)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၂၉ဝ ဗိုလ်စောစည်သူအောင်နှင့်ရေကြောင်းပညာ စာပေထူးချွန်ဆုရ ရေ ၅၃ဝဝ ဗိုလ်ထက်စိုးသူထွန်းတို့အား လည်းကောင်း၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်း အမှတ် စဉ်(၅၂)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၃၃၉ ဗိုလ်ကျော်ဇေယျာဝင်းနှင့် ရေကြောင်း အင်ဂျင်နီယာ ပညာစာပေထူးချွန် ဆုရ ရေ ၅၃၄၃ ဗိုလ်မျိုးမင်းညွန့်တို့အား လည်းကောင်း ထူးချွန်ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။ ထို့နောက်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ် (ရေ)က သင်တန်း ဆင်း မိန့်ခွန်းပြောကြားသည်။
-

-
၎င်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသွားသည်။ အခမ်းအနားအပြီးတွင်ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက် လာသောအရာရှိကြီး များသည် ကျောင်းဆင်း အရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger