www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့ နယ်၊ စကမြား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့ နယ်၊ စကမြား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့်တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေ ယာဉ်(စကု)တို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြ မြို့နယ်၊ စကမြားကျေးရွာ နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၄၅ ဦးတို့ကို အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်ပေးသည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၆၈ ဦး၊ ခွဲစိတ်ရောဂါ ၁၅၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇၉ ဦး၊ ကလေး ရောဂါ ၁၄၄ ဦး၊ အရိုးရောဂါ ၂၇၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁ဝ၃ ဦး၊ မျက်စိရောဂါ ၃၁၃ ဦးနှင့် သွားရောဂါ ၂၁၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက်မှ မျက်စိခွဲစိတ် လူနာ ၁၇ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၉ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၂၈ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၄၉ ဦးနှင့်ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေး ခြင်းများ ဆောင် ရွက်ပေးသည်။
-
ထို့ပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော ဒေသခံ ပြည်သူသုံးဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံသို့ လွှဲပြောင်း ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger