www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

သရက်မြို့၌ ပညာရေးစုံညီပွဲတော် ကျင်းပ

သရက်မြို့၌ ပညာရေးစုံညီပွဲတော် ကျင်းပ
-
သရက်   ဇန်နဝါရီ   ၆ 
-
မကွေးတိုင်းဒေသကြီး သရက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစိန်ရတုခန်းမ၌၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်  သရက်မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင်ကျင်းပသည်။
-
ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က   ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး သင်ထောက်ကူပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့်  သီဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေတို့ကပညာရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါက်တာ စမ်းပပကျော်က စုံညီပွဲတော်နှင့်ပတ်သက်၍  ပြောကြားသည်။ 
-
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိ သန့်ရှင်းသာယာလှပသော အကောင်းဆုံးကျောင်းများကို ဆုများ ပေးအပ်ပြီး အခြေခံပညာကျောင်း များမှ ကျောင်းသား၊  ကျောင်းသူလေးများက ဖျော်ဖြေမှုများဖြင့် ဖျော်ဖြေပေးသည်။ 
-
ဆက်လက်၍  မူလတန်းအဆင့်နှင့် အလယ် တန်းအဆင့် ဘက်စုံထူးချွန်ဆု၊ အထက်တန်းအဆင့် ဘက်စုံထူးချွန်ဆုရ ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးမှူး  ဒေါက်တာစမ်းပပကျော်နှင့် တာဝန်ရှိသူတို့က ဆုများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ထာဝရမြန်မာသီချင်းဖြင့်ကပြဖျော်ဖြေကြကြောင်းသိရသည်။ 
-
ဇော်ထက်(သရက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger