www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

ဘူးသီးတောင် မြို့နယ်ရှိ ရဲကင်း စခန်းလေးခု တိုက်ခိုက် ခံရမှုနှင့် စပ်လျဉ်း၍ ပြည်တွင်း မီဒီယာ အဖွဲ့များ သွားရောက် သတင်းရယူ

ဘူးသီးတောင် မြို့နယ်ရှိ ရဲကင်း စခန်းလေးခု တိုက်ခိုက် ခံရမှုနှင့် စပ်လျဉ်း၍  ပြည်တွင်း မီဒီယာ အဖွဲ့များ သွားရောက် သတင်းရယူ
-
နေပြည်တော်  ဇန်နဝါရီ   ၆ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ရဲကင်းစခန်းလေးခုကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် AA သောင်းကျန်း သူ အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန် တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ သောဖြစ်စဉ်ကို ဇန်နဝါရီ ၄ ရက် ည ၈ နာရီ သတင်းနှင့်   ဇန်နဝါရီ ၅ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ 
-
-
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင် ရာနယ်မြေသို့ သတင်းရယူရန် ပြည်တွင်းမီဒီယာအသီးသီးမှ အဖွဲ့ဝင် ၂၂ ဦးသည်  တပ်မတော်မှစီစဉ်ပေးသော  လေယာဉ်ဖြင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန် လေဆိပ်မှထွက်ခွာပြီး စစ်တွေမြို့သို့ ညနေ ၃ နာရီ  ၂၅ မိနစ်တွင်  ရောက်ရှိကြသည်။  စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ  ဘူးသီးတောင် မြို့သို့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် 
ရောက်ရှိကြပြီး နယ်မြေခံတာဝန်ရှိသူများနှင့်တွေ့ဆုံသည်။ 
-
အဆိုပါ မီဒီယာအဖွဲ့ဝင်များသည်  မောင်တောပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေသည့် ဒဏ်ရာရ ရဲတပ် ဖွဲ့ ဝင်ခြောက်ဦးကိုတွေ့ဆုံ၍ သိရှိလိုသည်များ မေးမြန်းကြသည်။
-
-
ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့ရှိ နယ်မြေခံဧည့်ရိပ်သာတွင် အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးက အထက်ပါဖြစ်စဉ်နှင့်စပ်လျဉ်း၍သတင်းမီဒီယာအဖွဲ့၏ မေးမြန်းမှုအား ရှင်းလင်း ဖြေကြား သည်။ ဆက်လက်ပြီး မီဒီယာအဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့မှ နံနက် ၁၁ နာရီခွဲတွင် တပ်မတော်ရဟတ် ယာဉ်ဖြင့် ထွက်ခွာ၍ ခထီးလှ ရဲကင်းစခန်းနှင့် ဂုပ္ပိ ရဲကင်းစခန်း တို့သို့ သွားရောက်လေ့လာကြသည်။
-
ထို့နောက် မီဒီယာအဖွဲ့ဝင်များသည် စစ်တွေမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တပ်မတော်မှ စီစဉ်ပေးသော လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြရာ ည ၆ နာရီခွဲတွင် ပြန်လည် ရောက်ရှိကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger