www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2019

မြန်မာ ယူ-၁၉ အမျိုး သမီး အသင်း ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ

မြန်မာ ယူ-၁၉ အမျိုး သမီး အသင်း ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ
-
ရန်ကုန်   ဇန်နဝါရီ  ၃ဝ 
-
၂ဝ၁၉ အာရှခြေစစ်ပွဲများအတွက် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီး အသင်းသည် ယနေ့နံနက်ပိုင်းတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ  ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိသည်။ နှစ်သင်းစလုံး  အမာခံကစားသမားအစုံ အလင်ဖြင့် ပွဲထွက်ခဲ့ပြီး ယူ-၁၉ အသင်းက ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
-
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၄ မိနစ်မှာပင် စန်းသော်သော်က အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ပွဲအစတွင် ယူ-၁၆ အသင်း ကစားကွက်တည်မရသေးဘဲ ၁ဝ မိနစ်တွင် လင်းမြင့်မိုရ်က ယူ-၁၉ အသင်းအတွက် ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့သည်။ ၂၇ မိနစ်တွင် မြတ်နိုးခင်က ယူ-၁၆ အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်း သော်လည်း  ယူ-၁၉ အသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် မိနစ် ၃ဝ တွင် နွယ်နီဝင်းနှင့် ၃၆ မိနစ်တွင် မိုးမိုး သန်းတို့က ဂိုးများထပ်မံသွင်းယူသောကြောင့် ပထမပိုင်းအပြီးတွင် ယူ-၁၉ အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းအစတွင် ယူ-၁၆ အသင်းက တိုက်စစ်အားမြှင့်ကာ   ပိုဖိကစားနိုင်ခဲ့ပြီး ၄၆ မိနစ်တွင်  ဝင်းဝင်းက  ဒုတိယ ချေပဂိုး သွင်းယူခဲ့သည်။  
-
ယင်းနောက်ပိုင်း၌  ယူ-၁၉ အသင်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၇၄ မိနစ်တွင် မိုးမိုးသန်း၊ ၈၅ မိနစ်တွင် နွယ်နီဝင်း (ပယ်နယ်တီ)တို့က  ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂ ရက်တွင် ခြေစမ်းပွဲထပ်မံ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger