www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 9, 2019

ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး
-
နေပြည်တော် ၊ ဇန်န၀ါရီ ၈ 
-
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။
-
ဦးစွာ ဂုဏ်ပြုကြိုဆိုပွဲသို့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်  Air Chief Marshal Chaiyapruk Didyasarin သည် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကြိုဆိုနှုတ် ဆက်သည်။ထို့နောက် ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့် သို့သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူသည်။ ယင်းနောက် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးပြီး ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် အရာရှိကြီးများနှင့်အပြန်အလှန် မိတ်ဆက်ကြသည်။
-
-
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ထိုင်းဘုရင့် လေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်အတူ စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ် ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများတက်ရောက် ကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် လေတပ် စစ်သံမှူး Group. Captain Pruit Tugesuinနှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။
-
-
တွေ့ဆုံပွဲတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်နှစ်ရပ် အကြား ဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်း အချက်အလက်နှင့်နည်းပညာများ အပြန်အလှန် ဖလှယ်ရေးနှင့် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် က ထိုင်းဘုရင့် လေတပ်ဦးစီး ချုပ် Air Chief Marshal Chaiyapruk Didyasarin အား မြန်မာ့တပ်မတော်(လေ)၏ ဂုဏ်ထူး ဆောင် လေသူရဲတောင်ပံ တံဆိပ်ကို တပ်ဆင်ပေးအပ်သည်။ ထိုသို့ ဂုဏ်ထူးဆောင် လေ သူရဲ တောင်ပံတံဆိပ်မှာ ပြည်ပတပ်မတော်အကြီးအကဲ တစ်ဦးအား ပထမဦးဆုံးအကြိမ် ဂုဏ်ပြု ပေးအပ်ခြင်းဖြစ်သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်၍ အဖွဲ့ဝင်များ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
-
-
၎င်းနောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က ဘုရင့်နောင်ရိပ်သာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်း တင်လက်မှတ်ရေးထိုးသည်။ ထို့နောက် နေ့လည်ပိုင်းတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီးတို့က နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
-
အဆိုပါ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည် တော်လေဆိပ်သို့ရောက်ရှိခဲ့ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်ကာကွယ် ရေးဦးစီး ချုပ်ရုံး(လေ)မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger