www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

မြိတ်မြို့၌ ကွမ်းဖတ်ဖြင့် တစ်ခါသုံးခွက်နှင့် ပန်းကန်များ ထုတ်လုပ်လာ

-
မြိတ်   ဇန်နဝါရီ   ၁ 
-
တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့၌  ကွမ်းသီးပင်မှ ရရှိသောအဖတ် (ဒေသအခေါ် ဘုတ်ဖတ်)များကို အသုံးပြု၍ တစ်ခါသုံးဟင်းခွက်နှင့် ထမင်းပန်းကန်များကို တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချလျက် ရှိကြောင်း
သိရသည်။ တစ်ခါသုံးဟင်းခွက်နှင့် ထမင်းပန်းကန်များကို မြိတ်မြို့ ကန်ဖျားနယ်မြေ ဘုရားငါးဆူ အရှေ့ရပ် မိဘမဲ့ဂေဟာလမ်းနေ ဦးသန်းဇော်ဦး၏ နေအိမ်၌ လုပ်ကိုင်လျက်ရှိသည်။ 
-
အဆိုပါတစ်ခါသုံး ဟင်းခွက်နှင့် ပန်းကန်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် ကွမ်းသီးပင်ဖတ် တစ်ရွက်လျှင် ၂၅ ကျပ်မှ ၃၅ ကျပ်အထိ ဈေးရှိကြောင်း၊ ဟင်းခွက်နှင့် ပန်းကန်ပြားများကို ပြုလုပ်ရာတွင် သန့်စင်အောင် ရေဆေးကြောရကြောင်း၊ ထို့ပြင် နေပူလှန်းပြီး ဘလောက်တုံးစက်ကြီးဖြင့်ဖိကာ အပူပေး၍ အဆင့်ဆင့် ပြုလုပ်ရကြောင်း သိရသည်။ 
-
တစ်ခါသုံးဟင်းခွက်ကို  တစ်ရက်လျှင် ဟင်းခွက်၂၅ဝ နှင့် ၃ဝဝ ခန့် ထုတ်လုပ်နိုင်ပြီး တစ်ခွက်လျှင် ငွေကျပ် ၆ဝ ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊တောင်ကြီး၊ အင်းလေးအထိ ဖြန့်ချိပေးလျက်ရှိကြောင်း၊ ပန်းကန်ကို တစ်ရက် လျှင် ပန်းကန်ပြား ၂ဝဝ ချပ်ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger