www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

EDUCATION PROJECT & SKILLS COMPETITION-2018 ပြိုင်ပွဲ ကျင်းပ

Education Project & Skills Competition-2018 ပြိုင်ပွဲ ကျင်းပ
-
မကွေး  ဒီဇင်ဘာ  ၂၃ 
-
မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁) အခြေခံပညာ   အထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမ၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် Education Projects & Skills Competition-2018 ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ 
-
ရှေးဦးစွာ ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ် ၂၅ မြို့နယ်ရှိ အလယ်တန်းအဆင့်    ကျောင်းသား၊ ကျောင်းသူ ၈၄ ဦး၊   မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ဝ ဦး  စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၅၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊    တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။       
-
အလယ်တန်းအဆင့်တွင် နွှဲပျော်ဆင်နွှဲ ကျောင်းစုံညီပွဲ ခေါင်းစဉ်ဖြင့်  Project  ရေးဆွဲခြင်းကို လည်းကောင်း၊  မူလတန်းအဆင့်တွင် မေးခွန်းပေး၍ လည်းကောင်း ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ဖြေဆိုကြသည်။ 
-
အဆိုပါ Education Project & Skills Competition-2018 ပြိုင်ပွဲကို  မကွေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ICT နည်းပညာနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ယှဉ်ကာ စနစ်တကျ ကျွမ်းကျင်စွာ အသုံးပြုတတ်လာစေရေး၊ ICT  နည်းပညာ သုံးစွဲမှု ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေး   ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger