www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

ကော့သောင်းမြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေး စက်ဘီးစီးနင်းပွဲ ကျင်းပ

ကော့သောင်းမြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေး စက်ဘီးစီးနင်းပွဲ ကျင်းပ
-
ကော့သောင်း  ဒီဇင်ဘာ  ၂၃
-
မြန်မာ(ကော့သောင်း) - ထိုင်း(ရနောင်း) နှစ်နိုင်ငံ  (၅)ကြိမ်မြောက် ချစ်ကြည်ရေး စက်ဘီးစီးနင်းပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်   တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် နာရီစင်ရှေ့၌ ကျင်းပ သည်။ ရှေးဦးစွာ စက်ဘီးစီးအဖွဲ့ဝင်များက နေရာယူကြပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးတို့က မိတ်ဆက်စကားပြောကြားသည်။
-
ဆက်လက်၍  ရနောင်းခရိုင်  ဒုတိယ အုပ်ချုပ်ရေးမှူးက  နှစ်နိုင်ငံ စက်ဘီးစီး အားကစား  ပိုမိုထွန်းကားလာရန် ရည်ရွယ်၍ ချစ်ကြည်ရေး စက်ဘီးစီးနင်းပွဲ အထိမ်းအမှတ် လက်ဆောင်အဖြစ် စက်ဘီးငါးစီးကိုကော့သောင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးထံသို့  လွှဲပြောင်းပေးအပ် လှူဒါန်းသည်။ ယင်းနောက် ထိုင်းနိုင်ငံ ဧည့်သည်တော်များအား  ကော့သောင်းခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ကော့သောင်းစက်ဘီးစီးအသင်း တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကြသည်။
-
ထို့နောက်ချစ်ကြည်ရေး စက်ဘီးစီးနင်းပွဲကို နှစ်နိုင်ငံ တာဝန်ရှိသူများက စတင်တာလွှတ်ဖွင့်လှစ်ပေးပြီး စက်ဘီးစီး အားကစားသမားများ စတင်စီးနင်းကြသည်။ အဆိုပါ ချစ်ကြည်ရေး စက်ဘီးစီးနှင်းပွဲကို ထိုင်းနိုင်ငံရနောင်းခရိုင်မှ စက်ဘီးစီးသမားများ၊  မြန်မာနိုင်ငံ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ ပူးပေါင်းကာ စက်ဘီးစီးသမား ၆၅၆  ဦးတို့က ကော့သောင်းမြို့မှ ၂၇ ကီလိုမီတာ ခရီးရှိသည့် မလိဝမ်းကျေးရွာအထိ ခရီးရှည်တပျော်တပါး ချစ်ကြည်ရေး စက်ဘီးစီးနင်းကြသည်။
-
ဆက်လက်၍  ချစ်ကြည်ရေး စက်ဘီးစီးအဖွဲ့သည်  ကော့သောင်းမြို့ မလိဝမ်းကျေးရွာ ရှမ်းဘုန်းတော်ကြီးကျောင်းနှင့် ရွှေတောင်ဦး ဘုန်းတော်ကြီးကျောင်း မိဘမဲ့ကလေးများ ဂေဟာတို့သို့  လှူဒါန်းငွေနှင့်ပစ္စည်းများ ပေးအပ် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger