www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2018

နမ့်ခမ်းမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ

နမ့်ခမ်းမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၃ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ၁၂ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၆ဝဝဝ ခန့်အကွာရှိ နောင်ခန်ကျေးရွာ အနီး၌ ရပ်တန့်ထားသည့် လိုင်စင်မဲ့ ၁ဝ ဘီးယာဉ် နှစ်စီးနှင့် ခြောက်ဘီးယာဉ် တစ်စီးအား မသင်္ကာသဖြင့် သွားရောက် စစ်ဆေးရာ ယာဉ်များပေါ်တွင် တင်ဆောင်ထားသည့် တရားမဝင် ပိတောက်ဓားရွေတုံးနှင့် သစ်လုံးဆိုဒ်စုံ ၁၂ တန်ခန့်ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
-
အဆိုပါ မော်တော်ယာဉ်များနှင့် တရားမဝင် သစ်များအား နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger