-
နေပြည်တော် ဒီဇင်ဘာ ၁၃
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခန့်တွင် နမ့်ခမ်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၁ဝဝဝ ခန့်အကွာရှိ ဟိုလောင်းကျေးရွာ အနီး၌ ရပ်တန့်ထားသော မသင်္ကာဖွယ် မော်တော်ယာဉ် လေးစီးအား သွားရောက်စစ်ဆေးရာ ယာဉ်များပေါ်တွင် တရားမဝင် သယ်ဆောင်လာသော မူးယစ်ဆေးဝါျးက်လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ် အက်စစ်ရည် ၁၆ လီတာခန့်ပါ ပလတ်စတစ်ပုံး ၅၁၉ ပုံး(စုစုပေါင်း ၈၃ဝ၄ လီတာ)၊ အက်စီတုန်းအက်စစ်ရည် ၁၆ဝ လီတာခန့်ပါ ပလတ်စတစ်ပီပါ ၁ဝ၈ လုံး(စုစုပေါင်း ၁၇၂၈ဝ လီတာ) (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း၁ဝဝဝ ကျော်)နှင့်အတူ ယာဉ်မောင်းများ ဖြစ်ကြသည့် တရုတ်နိုင်ငံသား ကျိုးဟော်ရင့်(ဘ) ရှောက်ကျိုး၊ ရီချွယ်လုံ(ဘ) ရီမင်ကျင်းနှင့် ကျန်းရုန်းဟွ(ဘ) ကျန်းကျီးဝုတို့ သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။
-
-
အဆိုပါမော်တော်ယာဉ်များ၊ ဟိုက်ဒရိုကလိုရစ်အက်စစ်များ၊ အက်စီတုန်းအက်စစ်များနှင့် ဖမ်းဆီး ရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မူဆယ်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment