www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 21, 2018

ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က(၁)ပုဇွန်တောင်တို့ကို ရန်ကုန်မြို့ပြ အမွေအနှစ် စာရင်းဝင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်

ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က(၁)ပုဇွန်တောင်တို့ကို ရန်ကုန်မြို့ပြ အမွေအနှစ် စာရင်းဝင်  အပြာရောင် ကမ္ပည်းပြား တပ်ဆင်
-
ရန်ကုန်  ဒီဇင်ဘာ  ၂ဝ 
-
ရန်ကုန်တိုင်း ဒေသကြီး  ဗိုလ်တထောင် မြို့နယ်ရှိ  ဗိုလ်အောင်ကျော်လမ်းနှင့် ပုဇွန် တောင်မြို့နယ်ရှိ  အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း တို့ကို ယနေ့တွင် ရန်ကုန် မြို့ပြအမွေအနှစ်စာရင်းဝင် အပြာရောင် ကမ္ပည်းပြား  တပ် ဆင် လိုက်ပြီဖြစ်သည်။ ရှေးဦးစွာ (၂၅)ခုမြောက် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်းအဖြစ် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းမကြီးဘေး အတွင်းဝန်များ ရုံးဝင်း တံတိုင်း နံရံတွင် ကပ်လျက် အပြာရောင် ကမ္ပည်းပြား စိုက်ထူ တပ်ဆင်လိုက်သည်။ 
-
အပြာရောင်ကမ္ပည်းပြားတပ်ဆင်လိုက်သော ဗိုလ်အောင်ကျော်လမ်းကို ကိုလိုနီခေတ်က  Spark Street  ဟု  အမည် ပေးခဲ့ သော်လည်း  နောက်ပိုင်းတွင်  အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်စွာ ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင် ခဲ့သော    အာဇာနည် ကိုအောင်ကျော်ကို  ဂုဏ်ပြုသောအားဖြင့် ကိုလိုနီခေတ်၏ Spark Street ကို  ၁၉၅၆ ခုနှစ်က ဗိုလ်အောင် ကျော်လမ်းဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
-
ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် အနော်ရထာ လမ်းပေါ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း (ပုဇွန် တောင်) ကို ရန်ကုန်မြို့ပြ အမွေအနှစ်၏  (၂၆) ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သည်။  အဆိုပါ ကျောင်းကို  ၁၉၁၇ ခုနှစ် မေ  ၃၁ ရက်က အုတ်မြစ်ချခဲ့ပြီး ၁၉၁၈ ခုနှစ်  ဇွန် ၂ဝရက်က  အလှူရှင် ပရဟိတသမား  Dr.S Ramanatha Reddiar က  ဖွင့်လှစ်ပေးခဲ့သည်။   ထိုကျောင်းကို   လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်း ကျောင်းအဖြစ် အမည်ပြောင်းခဲ့ပြီး ယခု နောက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း  (ပုဇွန်တောင်) အဖြစ်  ပြောင်းလဲဖွဲ့စည်းခဲ့သည်။ 
-
ကျောင်းတော်ကြီးကို တည်ထောင်ခဲ့သော Dr.S Ramanatha Reddiar အမည်နှင့် ကျောင်းတော်ကြီး၏ မူလ S.Thambara Reddiar  High  School  အမည်များကို ကျောင်းအဝင်မုခ်ဦးတွင်  ကျောက် ထွင်း နာမည်များဖြင့် ရေးထိုးထားပြီး  ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းသက်တမ်း နှစ်ပေါင်း ၁ဝဝ ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။ အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန် မြို့ ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust - YHT) နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ  တာဝန်ရှိသူများ၊ Philips Electronics နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ကြ ကြောင်း သိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger