www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
-
နေပြည်တော်  ဒီဇင်ဘာ  ၁ဝ
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်   မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ  စကော့မာစီရယ်လ်အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
-
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊  အမေရိကန်ပြည်ထောင်စု  Peace Corps အဖွဲ့မှ  လုပ်အားပေးများ၏ အခြေခံပညာ    ဆရာ/ဆရာမများအား အင်္ဂလိပ်စာ စွမ်းရည်မြင့်မားရေး အတွက် လာရောက်သင်တန်း ပို့ချပေးနေမှု အခြေအနေ၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အကူအညီ ဆက်လက်ပေးအပ်ရေး ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger