www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး
-
နေပြည်တော် ၊ ဒီဇင်ဘာ- ၁၀
-
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
-
ဦးစွာ တပ်ရင်းအစည်းအဝေး ခန်းမ၌ ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်လွင်ဦးက စံပြ စိုက်ပျိုးမွေးမြူရေးဇုန် တည်ဆောက်ရန် ဆောင်ရွက်နေမှု အခြေအနေများ၊ ဥစားကြက်၊ အသားစားကြက်၊ ၀က်၊ ဆိတ်၊ နို့စားနွားနှင့် အသားစားနွားများမွေးမြူမည့် အခြေအနေများနှင့် ထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် တပ်မတော်သား မိသားစုများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ရောင်းချပေးမည့် အခြေအနေများ၊ ၀န်တင်လား ၊ မြင်းများ မွေးမြူထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
-
-
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စံပြစိုက်ပျိုး မွေးမြူရေးဇုန်သည် သင်တန်းသားများအတွက် စံနမူနာပြ သရုပ်ပြသနိုင်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံ၌ ကြက်၊ ၀က်၊ ဆိတ်၊ နွားနှင့် ငါးကိုအဓိက စားသုံးလျက်ရှိကြောင်း၊ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား တစ်ခုချင်းအလိုက် မျိုးစပ်ခြင်း၊ ပေါက်ဖွားကြီးထွားမှုမှစ၍ မွေးမြူရေး စက်ဝန်းအတိုင်း ဥစား၊ အသားတိုး၊ နို့စား၊ အထီးအမခွဲခြားမှု၊ သားပေါက် ထိန်းသိမ်းခြင်း စသည်ဖြင့် စနစ်တကျမွေးမြူ သရုပ်ပြသနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာ၌ သန့်ရှင်းမှုစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရန်အတွက် ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ရန်၊ တိရိစ္ဆာန် အစာများတွင် လူများအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်သည့် ဟော်မုန်းဓာတ်များနှင့် ဓာတုဗေဒပစ္စည်းများ မပါရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကြက်များ မွေးမြူ ရာတွင်လည်း အအေးပေးစနစ်ဖြင့် မွေးမြူခြင်း နှင့် သမားရိုးကျခြံဖြင့် မွေးမြူခြင်းကို နှိုင်းယှဉ်ပြီး အကျိုးရှိသည့် နည်းလမ်းကို ဖော်ထုတ် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူသည့် တိရစ္ဆာန်များ၏ သဘောသဘာဝအရ လှောင်မွေး၊ လွှတ်ကျောင်းမွေးတို့ ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေးဇုန်များ ခွဲခြားဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။
-
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စံပြစိုက်ပျိုး မွေးမြူရေး ဇုန် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် မေထုန်မဲ့နည်းဖြင့် မြင်း၊ လား၊ မြည်းများ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တပ်မတော်၏ ထောက်ပံ့ ပို့ဆောင်ရေးအတွက် လိုအပ်သည့် လား ၊ မြင်း မွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger