www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

အမရပူရမြို့နယ် တပ်ကြီးကျေးရွာ၌ မြန်မာ့ရိုးရာ မြေထည်ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်လျက်ရှိ

အမရပူရမြို့နယ် တပ်ကြီးကျေးရွာ၌ မြန်မာ့ရိုးရာ မြေထည်ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်လျက်ရှိ
-
မန္တလေး ဒီဇင်ဘာ ၂၆ 
-
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တပ်ကြီးကျေးရွာမှ ပြုလုပ်ရောင်းချသည့် မြန်မာ့ ရိုးရာ အိုးပုတ်ချိုးရုပ် ကလေးများကို တစ်နှစ်ပတ်လုံး ကြိုတင်မှာယူကာ ရောင်းချလျက်ရှိ ကြောင်း အိုးပုတ်ချိုးရုပ်ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။ အိုးပုတ်များ ပြုလုပ်ရောင်းချရာတွင် အမျိုးအစား ၁၀ မျိုး ပြုလုပ်ရောင်းချကြပြီး ကရားအိုး၊ လက်ဆွဲခြင်း၊ မုန့်ပြားသလက်အိုး၊စဥ့်အိုး၊ ငရုတ်ဆုံ၊ ဒန်အိုး၊ ထမင်းအိုး၊ ဟင်းအိုးစုံ၊ နှစ်ဖက် ကွင်းခြင်း၊ ရေတော်အိုး အဖြစ် ပြုလုပ်ရောင်းချကြရာ ဖောက်သည် ဈေးတစ်ခုလျှင် ငွေကျပ် ၆ဝ ဖြင့်ရောင်းချကြရသည်။ 
-
အများစုမှာ ဝါးဖြင့်ပြုလုပ်သည့်ခြင်းအတွင်း စုပေါင်းထည့်ကာ တင်ပို့ပေးရပြီး ခြင်းကြီးတစ်လုံး လျှင် အိုးပုတ် ချိုးရုပ်အစုံ ၅ဝဝ ဆံ့ကာ ငွေကျပ် ၃၀၀၀၀ ပေးရသည်။ တပ်ကြီးကျေးရွာသည် အိုးပုတ်ချိုးရုပ်၊ မြေသောက်ရေအိုး၊ ဘုရားညောင်ရေအိုးများနှင့် အခြားမြေထည် ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်သည့်ရွာဖြစ်ပြီး တပ်ကြီးကျေးရွာ၏ ထူးခြားချက်မှာ ရှေးယခင်က တည်းက ယနေ့အထိတိုင်ရွာဘုံပိုင်ဆိုသည့် မြေကို အိုးလုပ်ရန်အတွက် ထားရှိခြင်းပင် ဖြစ် သည်။ 
-
ထိုမြေကို ထော်လာဂျီများဖြင့် တိုက်ယူကာ တစ်နှစ်ပတ်လုံး မြေထည်ပစ္စည်းများကို ထုတ်လုပ် ကြပြီး လက်ရှိကာလတွင် တပ်ကြီး ကျေးရွာမှ ပြုလုပ်ရောင်းချသော မြန်မာ့ရိုးရာ အိုးပုတ်ချိုး ရုပ်ကလေးများကို ကြိုတင်မှာယူကာ ရောင်းချနေရ၍ ပစ္စည်းအရေးကြီးသည့် အချိန်တွင် ဆေး မဆိုးရသေးသည့် အဖြူထည်များပါ တင်ပို့ရောင်းချပေးနေရကြောင်း သိရသည်။ 
-
နွေနဒီ၊မြစ်ငယ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger