www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ မလေးရှား နိုင်ငံသို့ ထွက်ခွာ

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ မလေးရှား နိုင်ငံသို့ ထွက်ခွာ
-
နေပြည်တော်၊ နိုဝင်ဘာ -၂၅ 
-
မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Chiefs of  Army Multilateral Meeting- ACAMM XIX) နှင့် (၂၈)ကြိမ်မြောက် အာဆီယနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ (28th  ASEAN Armies Rifle Meet- AARM XX VIII) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ မလေးရှား နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ ကြသည်။
-
-
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဦးဆောင်သည့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား နိုင်ငံ စစ်သံမှူး Colonel Abdul Razak Bin Haron  နှင့် တာဝန်ရှိသူတို့က လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
-
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အတူ အဖွဲ့ဝင်များ အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger