www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ သည့် စစ်ရေယာဉ်(တပင်ရွှေထီး) ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ သည့် စစ်ရေယာဉ်(တပင်ရွှေထီး) ပြန်လည်ရောက်ရှိ
-
နေပြည်တော် နိုဝင်ဘာ ၂၅ 
-
ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းသို့ ချစ်ကြည် ရေးအလည်အပတ်ခရီး သွားရောက်ခဲ့သည့် တပ်မတော်(ရေ )မှ ဗိုလ်မှူးကြီး သိန်းထူး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ် (တပင်ရွှေထီး) သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ် ဆိပ်ခံတံတားသို့ ပြန်လည် ရောက်ရှိကြရာ သန်လျင် တပ်နယ်မှ ဗိုလ်ချုပ် ဌေးနိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
-
စစ်ရေယာဉ်(တပင်ရွှေထီး)သည် နိုဝင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ မိနစ်၂ဝ တွင် ထိုင်းနိုင်ငံ ရေပြင် အတွင်း ရောက်ရှိ ကြရာ ထိုင်းစစ်ရေယာဉ် PGM-993 က ကြိုဆို ပို့ဆောင်ပေးပြီး ဖူးခက်ဆိပ်ခံတံတား၌ ထိုင်း ဘုရင့်ရေတပ်၊ အမှတ်(၃)ရေတပ်စခန်းဌာနချုပ် မှ တာဝန်ရှိသူများနှင့် ထိုင်းကင်းထောက် လူငယ်များက ကြိုဆို နှုတ် ဆက်ကြသည်။
-
ဆက်လက်၍ နိုဝင်ဘာ ၂၁ ရက် နေ့လယ် ပိုင်းတွင် စစ်ရေယာဉ်(တပင်ရွှေထီး)မှ အရာရှိ၊ စစ်သည်များသည်  ထိုင်း စစ်ရေယာဉ်ွှံ HTMS HUAHIN သို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြပြီး ညပိုင်းတွင် အမှတ်(၃) ရေတပ်စခန်းဌာနချုပ်မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက် ခဲ့ကြသည်။
-
နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် စစ်ရေယာဉ်(တပင်ရွှေထီး)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်  ထိုင်းဘုရင့် ရေတပ်၊ အမှတ်(၃)ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Sittiporn Maskasem အား သွားရောက် တွေ့ ဆုံ နှုတ်ဆက်ခဲ့သည်။
-
ထို့နောက်နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည် များသည်စစ်ရေယာဉ်များအား အပြန်အလှန် လေ့လာလည် ပတ်ခြင်း များ ဆောင်ရွက်ကြပြီး ညပိုင်းတွင် စစ်ရေယာဉ်(တပင်ရွှေထီး)၌ ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
-
စစ်ရေယာဉ်(တပင်ရွှေထီး)မှ အရာရှိ၊ စစ်သည်များသည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ အထင်ကရ နေရာ များသို့ လေ့လာ ရေးသွားရောက်ခြင်း၊ နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ အချင်းချင်း ချစ်ကြည် ရေးအားကစား ပြိုင်ပွဲ ယှဉ်ပြိုင် ကစားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
-
နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ထိုင်း ဘုရင့်ရေတပ်၊ အမှတ်(၃)ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များက ဖူးခက် ဆိပ်ခံ တံတား၌ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအား လာရောက်တွေ့ဆုံနှုတ် ဆက်ကြပြီး စစ်ရေယာဉ် (တပင်ရွှေထီး)သည် ဒေသ စံတော်ချိန် နံနက် ၆ နာရီတွင် ဖူးခက်ဆိပ်ခံ တံတားမှ ပြန်လည်ထွက်ခွာခဲ့ရာ ထိုင်း စစ်ရေယာဉ်  HTMS HUAHIN နှင့် PGM -993တို့က လိုက်ပါ ပို့ဆောင်နှုတ်ဆက်ကြသည်။
-
စစ်ရေယာဉ်(တပင်ရွှေထီး)သည် ယခု သွားရောက်သည့် ခရီးစဉ်အတွင်း အသွား၊ အပြန် စုစုပေါင်း ရေမိုင် ၁၂၆ဝ မိုင် ခုတ်မောင်း ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger