www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

ယာဉ်လိုင်စင် သက်တမ်း တိုးခြင်းနှင့် ယာဉ်မောင်း လိုင်စင်များ ဆောင်ရွက်ပေး


-
ကျွန်းစု နိုဝင်ဘာ ၂၅ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ကျွန်းစုမြို့နယ်ရှိပြည်သူများ ယာဉ်အန္တရာယ် လျှော့ချစေရန် ရည်ရွယ်၍ မော်တော် ယာဉ်လိုင်စင် သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခြင်းနှင့်  ဆိုင်ကယ် ယာဉ်မောင်းများ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွား ရခြင်း အကြောင်း တို့ကို သာဓကများဖြင့် ရှင်းလင်း ပြောကြားသည်။
-
ယင်းနောက် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်သူများအား ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာ မေးခွန်းများ မေးမြန်း ပြီး ယာဉ်မောင်းလိုင်စင် လျှောက်လွှာများကို ဖြေဆိုစေသည်။
-
ထိုသို့ယာဉ်မောင်းလိုင်စင်သစ်ပြုလုပ်ပေး ရာတွင် ''က''ယာဉ်မောင်း လိုင်စင်များအတွက် သင်တန်းကြေးငွေကျပ် ၂ဝဝဝ၊ စစ်ဆေးခ သုံးကြိမ်အတွက် ငွေကျပ် ၆ဝဝဝ၊ လိုင်စင်ခ ငွေကျပ် ၂၄ဝဝ x ၅ နှစ်အတွက် ငွေကျပ် ၁၂ဝဝဝ၊ ''သ''ယာဉ်မောင်းလိုင်စင်အတွက် ငွေကျပ် ၃ဝဝဝ စုစုပေါင်းငွေကျပ် ၂၃ဝဝဝ၊ ''က-၁'' ယာဉ်မောင်းလိုင်စင်များ အတွက် သင်တန်းကြေးငွေကျပ် ၂ဝဝဝ၊ စစ်ဆေးခ သုံးကြိမ်အတွက် ငွေကျပ် ၆ဝဝဝ၊ လိုင်စင်ခ ငွေကျပ် ၂၅ဝဝ x ၂ နှစ်အတွက် ငွေကျပ် ၅ဝဝဝ၊ ''သ''ယာဉ်မောင်းလိုင်စင် အတွက် ငွေကျပ် ၃ဝဝဝ စုစုပေါင်း ငွေကျပ် ၁၆ဝဝဝဖြင့် ပြုလုပ် ပေးလျက်ရှိပြီး အာမခံလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ယာဉ်စစ်ဆေးရေးလုပ် ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
-
ကျွန်းစု(ပြန်/ဆက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger