www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

ပြည်တွင်းပြည်ပ အတတ်ပညာရှင်များ ပူးပေါင်း၍ သက်မွေးမှု အတတ်ပညာများ အခမဲ့ သင်ကြားပေးမည်

-
ရန်ကုန်  နိုဝင်ဘာ  ၂၅ 
-
Confidence Hair Training  School ၊  Confidence Eyebrows Academyနှင့် Mee Mee Wood Pmu Academy တို့ ပူးပေါင်း၍ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ ၌ နိုဝင်ဘာ ၂၇ ရက်မှ  ၂၉ ရက်အထိ သက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
-
''သိသမျှ၊ တတ်သမျှတွေနဲ့  နှစ်တိုင်း ခေတ်စားနေတာတွေကို    အခုလိုအခမဲ့ အတတ်ပညာ  မျှဝေတာ ဖြစ်ပါတယ်'' ဟု Confidence  Hair  Training  School    တည်ထောင်သူ ကိုခန့် ကပြောသည်။
-
အဆိုပါသင်တန်းကို တက်ရောက်ရန် စာရင်းပေးထားသူ  ၆ဝဝ ခန့်ရှိနေပြီဖြစ်သည်။ ''နိုဝင်ဘာ ၂၇ ရက်ကစပြီး  သုံးရက် အခမဲ့ သင်ပေးမယ်။ ဂျပန်နိုင်ငံက ပညာရှင်တွေက ဆံပင်ပညာ၊ နောက်ဆုံးပေါ်  ဆံပင်အရောင်သွင်းတဲ့ ပညာ၊ အထူးသဖြင့် ခေတ်စားနေတဲ့ မျက်တောင်ဆက်တဲ့ ပညာ၊ မျက်ခုံးစိုက် ပညာတွေ သင်ပေးမယ်။  နံနက်  ၁ဝ နာရီကစပြီး  တစ်နေ့လုံး  သင်ပေးမှာဖြစ်ပါ တယ်''ဟု ကိုခန့်ကပြောသည်။
-
ယင်းသင်တန်းတွင်  စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်ကြားမှုအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း  အခမဲ့ ပေးအပ်မည်ဖြစ်သည်။
-
ယခုအခါ  သက်မွေး အတတ်ပညာများကို စိတ်ဝင်စားသူ များပြားလာသဖြင့် ပညာရှင်များ   တိုးပွားလာနိုင်ရေး   ယခုကဲ့သို့  သင်တန်းပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။       
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger