www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိထ္ထီလာမြို့ရှိ တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက် တွေ့ဆုံအားပေးစကား ပြော ကြား၊ ဆေးရုံရှိပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိများအား

-
နေပြည်တော်၊ နိုဝင်ဘာ - ၁၉
-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင် မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသ လျက်ရှိသည့် အရာ ရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားသည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိထ္ထီလာမြို့ရှိ တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက် တွေ့ဆုံအားပေးစကား ပြော ကြား၊ ဆေးရုံရှိပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိများအား
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူးကြပ်မတ် ကုသခန်းတွင် တက်ရောက် ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား တစ်ဦးချင်းရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်အားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ယင်း နောက် ဖျားနာကုသဆောင်တွင် တက်ရောက် ကုသလျက်ရှိသည့် စစ်သည်များအား တစ်ဦး ချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေး အပ်သည်။
-
-
ထို့နောက် ဆေးရုံ အစည်းအဝေး ခန်းမတွင် ဆေးရုံတပ်မှူးက ဆေးကုသပေးမှု အခြေအနေ များ၊ ဦး၊ ရေး၊ ထောက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဒေသခံပြည်သူများ အားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာ ချောင်ချိရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ အားရှင်းလင်းတင်ပြ ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
-
-
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံရှိ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ တပ်မတော်၌ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်နှင့် ပညာသည်ပိုင်း ဆိုင်ရာခေါင်းဆောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ မည်သည့် တာဝန်ကို ထမ်းဆောင်နေရသည်ဖြစ်စေအဆင့် အလိုက် လိုအပ်သည့် စစ်ဘက်ဆိုင်ရာ သင်တန်းများအား သင်ကြားပေးလျက် ရှိသကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာ သင်တန်း များကို လည်း တတ်ကျွမ်းသည်အထိ သင်ကြားပေးထားပြီးဖြစ်ကြောင်း၊ မိမိတို့အား သင်ကြားပေး လိုက်သည့် ပညာရပ်များအား လက်တွေ့ နယ်ပယ်တွင် အပြည့် အ၀အသုံးချနိုင်ရန် လိုအပ် ကြောင်း၊ မိမိတို့ ကွပ်ကဲ အုပ်ချုပ်ရသူများ အပေါ်တွင်လည်း တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်စိတ်ဓာတ် မွေးမြူ၍ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ ညီညွတ်မျှတစွာ ကွပ်ကဲ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ညီညွတ်မျှတသည့် စိတ်သည် ဖခင် စိတ်ပင်ဖြစ်ကြောင်း၊ ခေါင်း ဆောင်လုပ်သည့် မိမိတို့သည် ကြိုးစားအားထုတ်မှု ရှိရမည်ဖြစ်သကဲ့သို့ လက်အောက်သို့ လည်း ကိုယ်ချင်းစာ တရားထား၍ညီအစ်ကို စိတ်ဓာတ်၊ သားသမီး စိတ်ဓာတ်ဖြင့် အုပ်ချုပ် ရမည်ဖြစ်ကြောင်း၊ အဖွဲ့ခေါင်းဆောင်မှစ၍ တပ်မှူးအထိ အဆင့်အားလုံးသည် အဆင့်အလိုက် ခေါင်းဆောင်များဖြစ်ပြီး အမြင့်ဆုံး တပ်မှူးသည် တပ်၏ ကောင်းရာကောင်းကျိုးများကို ဆောင် ရွက်ရသကဲ့သို့ အထက်မှ ညွှန်ကြားချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူက အားကိုးရသည့်၊ တိုင်း ပြည်ကအားထားရသည့် တပ်မတော်ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရာတွင် ဆေးတပ်ဖွဲ့ သည်အရေးပါသော တပ်ဖွဲ့တစ်ခုဖြစ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က အားလုံးပါဝင် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ ပြည်သူနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ဂရုစိုက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
-
-
-
-
လူတိုင်းသည် နံပါတ်တစ်မဖြစ်နိုင်သော်လည်း နံပါတ်တစ်ဖြစ်အောင် ကြိုးစားနိုင်သည့် အခွင့် အရေးရှိပြီး ထိုအခွင့်အရေးကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို အလိုလိုက်ခြင်းဖြင့် ဘ၀ပျက်စီးနိုင်သဖြင့် မိမိကိုယ်ကို အလိုမလိုက်ရန်နှင့် လက်အောက် သို့လည်း အလိုမလိုက် ရန်လိုကြောင်း၊ မိမိတို့ ဘ၀တိုးတက်မှုအား အဟန့်အတား ဖြစ်စေနိုင်သည့် အရက်သေစာ သောက်သုံးခြင်းနှင့် အပျော်အပါး လိုက်စားခြင်းများကို တတ်နိုင်သမျှ ရှောင်ကျဉ်ရမည်ဖြစ် ကြောင်း၊ တပ်မတော်၏ စည်းကမ်းသေ၀ပ်မှုကို ထိခိုက်စေနိုင်သည့် နေထိုင်ပြောဆိုမှုများ အသိတရားဖြင့် ရှောင်ကျဉ်ရမည်ဖြစ်ကြောင်း၊ စည်းကမ်း ဆိုသည်မှာ တိုက်တွန်းချက်၊ တားမြစ်ချက်ပင် ဖြစ်ကြောင်း၊ မိမိကိုယ်ကိုထိန်းသိမ်း နေထိုင်သကဲ့သို့ မိမိတို့၏ လက်အောက် ကိုလည်း ထိန်းသိမ်းကွပ်ကဲ ကြပ်မတ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ယခုကဲ့သို့ ပညာရှင်များ ဖြစ်လာစေရန်အတွက် အချိန်နှင့် ငွေများစွာ အကုန်အကျခံ၍ နိုင်ငံတော်မှ မွေးထုတ်ပေးထား သဖြင့် မိမိတို့ဘ၀ကို တန်ဖိုးထား စေလိုကြောင်း၊ သက်သာ ချောင်ချိရေးအတွက် ၀င်ငွေ၊ ထွက်ငွေကို မျှတစွာ သုံးစွဲတတ်ရန်၊ လောဘကို ထိန်းသိမ်းကြရန်၊ တာဝန်ထမ်းဆောင်ရာ တွင် တိုက်တွန်းချက်၊ တားမြစ် ချက်စည်းကမ်းများကို လိုက်နာပြီး ပျော်ပျော်ရွှင်ရွှင် တာဝန် ထမ်းဆောင်ကြရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger