www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

ဖလမ်း လေဆိပ် တည်ဆောက်မှု ၄ဝ ရာခိုင်နှုန်း ကျော်ပြီးစီး

ဖလမ်း လေဆိပ် တည်ဆောက်မှု ၄ဝ ရာခိုင်နှုန်း ကျော်ပြီးစီး
-
ဖလမ်း နိုဝင်ဘာ ၁၉ 
-
ချင်းပြည်နယ် ဖလမ်းမြို့၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖလမ်း လေဆိပ်တည်ဆောက်မှုမှာ  လက်ရှိ တွင် ၄ဝ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ သိရသည်။
-
ဖလမ်းလေဆိပ်ကို ၂ဝ၁၃ ခုနှစ်တွင် စီမံ ကိန်းချမှတ်ကာ ၂ဝ၁၅ ခုနှစ်တွင် လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြား ဖလမ်းမြို့၏အနောက် မြောက် ၈ ဒသမ ၅ မိုင်အကွာ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၆ဝဝဝ တွင် တည်ရှိသည်။
-
လေယာဉ်ပြေးလမ်းမှာ  အလျားပေ ၆ဝဝဝ၊ အကျယ်ပေ ၁ဝဝ ရှိပြီး လေယာဉ်ပြေးလမ်းအမျိုးအစားမှာFlexible Pavement ဖြစ်ကာ ပြေးလမ်းခံနိုင်ရည် အင်အား ပေါင် ၅ဝဝဝဝ ဖြစ်သည်။ အဆိုပါလေဆိပ်ကို ငွေကျပ်၂၈ ဘီလီယံ အသုံးပြုဆောင် ရွက်ခြင်းဖြစ်ပြီး လက် ရှိတွင် လုပ်ငန်းပြီးစီးမှု ၄ဝ ရာခိုင်နှုန်းကျော်ပြီဖြစ်သည်။
-
၎င်းစီမံကိန်းအား ၂ဝ၂၁ ခုနှစ်တွင် ပထမ အဆင့်အနေဖြင့် ပြီးစီးရန် ဆောင်ရွက်လျက်ရှိပြီး ယင်းနှစ်တွင်ပင်  လေယာဉ်များ စတင်ဆင်းသက် အသုံးပြုနိုင်ရန် လျာထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
-
ဖလမ်းလေဆိပ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်း ဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များသည် ချင်းပြည်နယ်ရှိ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်နှင့် ရိဒ်ရေကန် တို့သို့ အချိန်တို အတွင်းသွားရောက် လည်ပတ်နိုင်ပြီး ချင်းပြည်နယ်မှ ဒေသခံပြည်သူ များ သည်လည်း မြန်မာနိုင်ငံ အတွင်းရှိ ဒေသ အနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သွားလာ နိုင်မည်ဖြစ်သည်။ ထို့ပြင် ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
-
ဝန်းရံခ  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger