www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၂၆ 
-
ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်မော်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၅၆၂ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
-
ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုက်မော်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝရသာမိအား ဖူးမြော်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger