www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၂ဝ၁၈  ခုနှစ်  တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်
-
နေပြည်တော်   နိုဝင်ဘာ  ၂၆
-
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်  အရာရှိ၊  စစ်သည်၊ မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
-
ဆုပေးပွဲတွင် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲအမျိုးအစား အလိုက်   ဆုရရှိသော အသင်းများနှင့် ဒိုင်းဆုရရှိသော ခိုလမ်တပ်နယ်အသင်း တို့ကို  ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။
-
အဆိုပါမြန်မာ့သိုင်း ပြိုင်ပွဲကို   နိုဝင်ဘာ ၁၉ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းက ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲနှင့် ပန်ကြပ်စီလပ်ပြိုင်ပွဲ စသည့် ကစားနည်းသုံးမျိုးကို    ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိ သည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger