www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 2, 2018

အကြိမ် (၂ဝ) မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင်ထီဆုမဲအရေအတွက် ၁၃၄၂၁၄ ဆုအထိ ဖွင့်လှစ်ပေး


-
ရန်ကုန် နိုဝင်ဘာ ၁
-
အကြိမ် (၂ဝ) မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်မြို့မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်ရှိပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပသည်။
-
အဆိုပါထီဖွင့်ပွဲတွင် ဆုမဲအရေအတွက်၁၃၄၂၁၄ ဆုအထိ ခွဲဝေပေးပြီး ယခင်လကထက် ဆုမဲအရေအတွက် ငွေကျပ်သိန်း၅ဝဝ ဆု သုံးဆု၊ ငွေကျပ်သိန်း ၃ဝဝ ဆုနှစ်ဆု၊ ငွေကျပ်သိန်း ၁ဝဝ ဆု နှစ်ဆု၊ ငွေကျပ်သိန်း ၅ဝ ဆု တစ်ဆု၊ ငွေကျပ် ၁ဝ သိန်းဆု တစ်ဆုနှင့် ငွေကျပ် ငါးသောင်းဆုတစ်သောင်းခန့်အထိ တိုးမြှင့်ပေးခဲ့သည်။
-
ငွေကျပ်သိန်း တစ်သောင်းအထူးဆုကြီးတစ်ဆု၊ ငွေကျပ်သိန်း ၅ဝဝဝ ဆု နှစ်ဆု၊ငွေကျပ်သိန်း ၃ဝဝဝ အထူးဆု သုံးဆု၊ ငွေကျပ်သိန်း ၁ဝဝဝ အထူးဆု ငါးဆု၊ ဆုတစ်ဆုချင်း ငွေကျပ်သိန်း ၅ဝဝ ဆု ၁၃ ဆု၊ ဆုတစ်ဆုချင်း ငွေကျပ်သိန်း ၃ဝဝ ဆု ၁၃ ဆု၊ ဆုတစ်ဆုချင်း ငွေကျပ်သိန်း ၁ဝဝ ဆု ၁၃ ဆု၊ငွေကျပ်သိန်း ၅ဝ ဆု ၁၆ ဆု၊ ဆုတစ်ဆုချင်းငွေကျပ်သိန်း ၃ဝ ဆု ၂၂ ဆု၊ ဆုတစ်ဆုချင်းငွေကျပ် ၁ဝ သိန်းဆု ၂၆ ဆု၊ ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ အက္ခရာနှင့်ရှေ့ဂဏန်းငါးလုံးတူ ၁ဝ ယူနစ်အတွက် ငွေကျပ် ၃ သိန်း၁ဝဝ ဆု၊ အက္ခရာနှင့် ရှေ့ဂဏန်းလေးလုံးတူ ၁ဝ ယူနစ်အတွက် ငွေကျပ် ၂ သိန်းဆု၁ဝဝဝ၊ အက္ခရာနှင့် ရှေ့ဂဏန်းသုံးလုံးတူ ၁၃ယူနစ်အတွက် ငွေကျပ် ၁ သိန်းဆု ၁၃ဝဝဝဆု၊ ရှေ့ဂဏန်းနှစ်လုံးတူ ၁၂ ယူနစ်အတွက်ငွေကျပ် ငါးသောင်းဆု ၁၂ဝဝဝဝ ဆု စုစုပေါင်း ၁၃၄၂၁၄ ဆုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
ဆုငွေများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုခွဲရုံးများ၌ထုတ်ပေးမည်ဖြစ်ပြီး ထီပေါက်သည့်ကံထူးရှင်များအနက် ငွေကျပ် ၁ဝ သိန်းနှင့်အောက်ကံထူးရှင်များအနေဖြင့် ရန်ကုန်မြို့နှင့်
မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုရုံးခွဲများအပြင် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၌ ထုတ်ယူနိုင်မည်ဖြစ်သည်။ငွေကျပ် ၁ဝ သိန်းနှင့်အထက် ဆုငွေထုတ်
ပေးခြင်းကို နိုဝင်ဘာ ၂ ရက်မှစ၍ နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ကံထူးရှင်များအား ထီဆုငွေထုတ်ပေးခြင်းကို နိုဝင်ဘာ ၁၂ ရက်မှစ၍ ဆောင်ရွက်ပေးမည်ဖြစ် သည်။
-
အောင်ဘာလေသိန်းဆုပေါက်စဉ် ထုတ်ပေးသည့် နိုဝင်ဘာ ၁ ရက်မှစ၍ တစ်နှစ်အတွင်း တောင်းခံခြင်းမပြုသည့်ဆုငွေများကို နိုင်ငံတော်အခွန်ဘဏ္ဍာငွေအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ
ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနမှအသိပေးကြေညာထားသည်။
-
ထီလက်မှတ်စာအုပ်ရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း၂ဝ၄၅၄ ဒသမ ၅ဝဝ ဖြစ်ပြီးရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်း ငွေပေါင်းမှာငွေကျပ်သန်းပေါင်း ၁၂၂၇၂ ဒသမ ၇ဝဝအထိ ထီဆုငွေအဖြစ်ခွဲဝေပေးမည်ဖြစ်သည်။
-
ကျော်ကို
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger