www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 2, 2018

ပြစ်မျိုးမှဲ့မထင် ကောင်းကင်ဝယ်ပျံဝဲ ရဲရဲဝံ့ဝံ့လေသူရဲ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထုပိုင်နက်နယ်မြေကိုတပ်မတော်ကစွန့်လွှတ်စွန့်စားကာကွယ်စောင့်ရှောက်လျက်ရှိပြီး တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်ရာတပ်မတော်(ကြည်း၊ရေ၊လေ)ကိုအင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိသည်။
-
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)နှင့် တပ်မတော်(လေ)၏ပထမဦးဆုံးသော အမျိုးသမီးလေယာဉ်မောင်းသင်တန်းဖြစ်သည့် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ)ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို အောက်တိုဘာ ၃ဝ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တက်ရောက်မိန့်ခွန်းပြောကြားသည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် လေသူရဲတစ်ဦး၏ အရေးကြီးဆုံးထိန်းသိမ်းစောင့်ရှောက်အပ်သည့်ဂုဏ်မှာ ပျံသန်းမှုအရည်အချင်းကိုအမြင့်ဆုံးရှိအောင် ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ မိမိ၏ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုကို ထိန်းသိမ်းခြင်း၊ပေးအပ်သည့်ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် အောင်မြင်အောင်ဆောင်ရွက်ခြင်း၊ပျံသန်းရေးအတတ်ပညာကို ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှလေ့လာခြင်း၊ မျှဝေခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပျံသန်းရေးတာဝန်များကို နေ့၊ ညအချိန်မရွေးတာဝန်ထမ်းဆောင်ကြရမည့်
လေသူရဲများအနေဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးသည် အရေးကြီးကြောင်း၊ လေသူရဲတစ်ဦးအဖြစ် စတင်ရွေးချယ်စဉ်ကလည်း ကျန်းမာရေးအဆင့်မြင့်မားသူများကိုသာ စနစ်တကျရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှသာလျှင် စိတ်ဓာတ်အင်အားကောင်းပြီး ပျံသန်းရေး၊ စစ်ဆင်ရေး၊အုပ်ချုပ်ရေးတာဝန်များကိုထမ်းဆောင်ရာတွင် မှန်ကန်သည့်ဆုံးဖြတ်ချက်များကို မြန်ဆန်စွာချမှတ်နိုင်မည်ဖြစ်ကြောင်း၊ လေသူရဲတစ်ဦးသည် တန်ဖိုးကြီးမားသည့်လေယာဉ်၊ ရဟတ်ယာဉ်များကို ယုံကြည်စိတ်ချစွာအပ်နှင်းခံရပြီး တာဝန်အပြည့်အဝယူဆောင်ရွက်ရသူများဖြစ်သည့်အတွက် ယုံကြည်စိတ်ချရသော လေသူရဲ
တစ်ဦးဖြစ်လာစေရန် အမြဲတမ်းကြိုးစားနေရမည်ဖြစ်ကြောင်းဖြင့်က်တွန်းမှာကြားသည်။ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားတွင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)မှသင်တန်းသားအရာရှိ ၃၄ ဦးနှင့် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ)မှ သင်တန်းသူအရာရှိခြောက်ဦး
တို့အား တောင်ပံအပ်နှင်းခဲ့ပြီးဖြစ်သဖြင့် တပ်မတော်(လေ)အတွက် အားထားရမည့်မျိုးဆက်သစ်လေသူရဲအင်အား တိုးပွားလာပြီဖြစ်သည်။       
-
နိုင်ငံတကာလေတပ်များနည်းတူ အမျိုးသမီးလေသူရဲများမွေးထုတ်လေ့ကျင့်ပေးရန်တပ်မတော်အကြီးအကဲ ၏ လမ်းညွှန်ချက်အရ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းအမျိုးသမီးအရာရှိခြောက်ဦးကို ယခုလေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ)မှစ၍ တပ်မတော်(လေ)၏ပထမဦးဆုံးသောအမျိုးသမီးလေသူရဲအရာရှိများအဖြစ် အောင်မြင်စွာ သင်ကြားလေ့ကျင့်ပေး  နိုင်ခဲ့ခြင်းကြောင့် အမျိုးသားများနှင့်တန်းတူ ပျံသန်းရေးတာဝန်များကို စတင်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ဤသို့အမျိုးသမီးလေသူရဲအရာရှိခြောက်ဦးတို့ကို သယ်ယူပို့ဆောင်ရေးလေသူရဲ
များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ခြင်းသည် တပ်မတော်(လေ)၏သမိုင်းစာမျက်နှာအသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
-
ကျောင်းဆင်းအမျိုးသမီးလေသူရဲအရာရှိများသည် အခြေခံလေယာဉ်သားလောင်းသင်တန်းကာလရက်သတ္တပတ်လေးပတ်၊ အခြေခံလေယာဉ်မောင်းသင်တန်းကာလ ရက်သတ္တပတ် ၃၃ ပတ်၊ အကြိုတန်းမြင့်
သင်တန်းကာလ ရက်သတ္တပတ် ၁၆ ပတ်၊ တန်းမြင့်လေယာဉ်မောင်းသင်တန်းကာလ ရက်သတ္တပတ် ၁၃ပတ်ဟူ၍ အခြေခံနှင့် တန်းမြင့်သင်တန်းများသို့ အဆင့်ဆင့်တက်ရောက်သင်ကြားလေ့ကျင့်ကြရသည်။
ပျံသန်းရေးတာဝန်ထမ်းဆောင်ရာတွင် လေသူရဲ၏အဆုံးအဖြတ်တစ်ချက်မှားလျှင် အသက်ပါပေးဆပ်ရခြင်းကြောင့် သင်တန်းကာလများတွင် စာပေဆိုင်ရာပညာရပ်၊ ပျံသန်းရေးဆိုင်ရာပညာရပ်၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊
စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းကမ်းကောင်းမွန်မှုတို့အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် နည်းပြများကစနစ်တကျပို့ချသင်ကြားလေ့ကျင့်ပေးကြသည်။ လေသူရဲတစ်ယောက်အတွက် သင်ယူလေ့လာမှု ဆုံးသည်
မရှိခြင်းကြောင့် အမြဲသင်ယူလေ့လာလေ့ကျင့်သွားကြဖို့လိုကြောင်းနှင့် မြေပြင် ဝေဟင်စည်းကမ်းများကိုလည်းစနစ်တကျလိုက်နာရန်လိုအပ်ကြောင်း သင်တန်းနည်းပြတစ်ဦးက ထပ်မံပြောကြားသည်ကို ကြားသိရသည်။
-
ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားစဉ် တိုက်တွန်းမှာကြားသော လေသူရဲတစ်ဦး၏အရေးကြီးဆုံးထိန်းသိမ်းစောင့်ရှောက်အပ်    သည့် ဂုဏ်မှာ ပျံသန်းမှုအရည်အချင်းကို အမြင့်ဆုံးရှိအောင်ထိန်းသိမ်းခြင်း၊ မိမိ၏ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုကို ထိန်းသိမ်းခြင်း၊ ပေးအပ်သည့်ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့်
အောင်မြင်အောင်ဆောင်ရွက်ခြင်း စသည်တို့နှင့်ပြည့်စုံကြစေရန် ကျောင်းဆင်းလေသူရဲအရာရှိများအားလုံးမိမိကိုယ်မိမိဖြည့်ဆည်းနေကြရမည်ဖြစ်သည်။
-
အထူးသဖြင့် တပ်မတော်(လေ)၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ရာတွင်ပါဝင်ကြသော ပထမဦးဆုံးအမျိုးသမီးလေသူရဲအရာရှိများအနေဖြင့် စာဆိုရှင်အဂ္ဂသမာဓိရေးဖွဲ့ထားသည့် ဘုံခန်းပျို့မှဗရဏီနတ်သမီး
၏ ပြစ်မျိုးမှဲ့မထင်ယဉ်ချင်တိုင်းယဉ်၍ လှချင်တိုင်းလှနေသော အလှဆင်းရည်ကို ပီပီပြင်ပြင်ပေါ်လွင်စေရန်  နိုင်ငံ့သမီးကောင်းရတနာများအဖြစ် ဆက်လက်ကြိုးစားအားထုတ်ကြပါရန် မြဝတီကတိုက်တွန်းနှိုးဆော်  လိုက်ရပါသည်။ ။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger