www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ၂ဝ၁၇-၂ဝ၁ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ၂ဝ၁၇-၂ဝ၁ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ
-
နေပြည်တော် နိုဝင်ဘာ ၂၂
-
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေး လိမ္မာသင်တန်းနှင့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ကံဦးပညာ ရေးဖောင်ဒေး ရှင်းမှ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရမည်းသင်းမြို့နယ် ကတင် ကျေးရွာရှိ ကံဦးကျောင်းတိုက်၌ ကျင်းပသည်။
-
ရှေးဦးစွာ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ တစ်ဦး၊ ၂ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ တစ်ဦး၊ ၁ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ငါးဦး၊ ရိုးရိုးအောင်မြင်ခဲ့သူ ခြောက်ဦးနှင့် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေး လိမ္မာသင်တန်းတွင် အောင်မြင်ခဲ့သူ ၅၅ ဦးတို့အား ကံဦးပညာရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
-
ထို့ပြင် ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ငွေကျပ် ငါးသိန်းတန်ဖိုးရှိ ဗလာမပါ ကံစမ်းမဲများ မဲဖောက်လှူဒါန်းကြောင်း၊ ကံဦးပညာရေး ဖောင်ဒေးရှင်းနှင့် ကံဦးဓမ္မ စကူးတို့ကို ကတင်ကျေးရွာ ကံဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်က ဦးစီးတည် ထောင်ထားခြင်းဖြစ်ပြီး ယဉ်ကျေး လိမ္မာသင်တန်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန် စွာအောင်မြင်သူများအား နှစ်စဉ်ဂုဏ်ပြုပွဲများကျင်းပပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်လျက်ရှိ ကြောင်း သိရသည်။
-
မော်စီ(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger