www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

ဘုတ်ပြင်းမြို့နယ် ကမ်းတောကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဘုတ်ပြင်းမြို့နယ် ကမ်းတောကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  နိုဝင်ဘာ  ၂၂ 
-
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ ၂ဝ ရက် ည ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် ကမ်းတောကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာရှိ ဥယျာဉ်ခြံသို့ သွားရောက်စစ်ဆေးရာ ဥယျာဉ်ခြံအတွင်းမှ သိန်းဆွေ(ဘ)ဦးယုငယ်၊ ဇော်ငယ်(ဘ)ဦးရွှေလွင်၊ အောင်ရန်ဖြိုး(ဘ) ဦးအောင်ငယ်နှင့် ညိုဇော်(ဘ)ဦးစိုးလွင်တို့ လေးဦးအား WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၆ဝ၃ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၄ဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဘုတ်ပြင်းမြို့နယ်၊ ကရသူရိ ရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger