www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း (28TH ASEAN ARMIES RIFLE MEET- 28TH AARM) ပိတ်ပွဲ အခမ်းအနား တက်ရောက်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း (28th  ASEAN  Armies  Rifle Meet- 28th AARM)  ပိတ်ပွဲ အခမ်းအနား တက်ရောက်
-
နေပြည်တော်      နိုဝင်ဘာ     ၂၇
-
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ  Terendak   Camp ၌ပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (28th  ASEAN  Armies  Rifle Meet- 28th AARM) ပိတ်ပွဲအခမ်းအနားသို့  အာဆီယံနိုင်ငံများမှ  ကြည်းတပ် ဦးစီးချုပ်များနှင့်အတူ တက်ရောက်သည်။
-
ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များသည် ရိုင်ဖယ် ပစ်ခတ်စဉ် ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်မှု အဖြစ် အုပ်စု(အေ)မှ ပထမရရှိသော ထိုင်းနိုင်ငံ ကိုယ်စားပြုသေနတ်ပစ် အသင်းနှင့် အုပ်စု(ဘီ)မှ ဒုတိယရရှိသော ထိုင်းနိုင်ငံကိုယ်စားပြု သေနတ်ပစ်အသင်းတို့ ယှဉ်ပြိုင်ပစ်ခတ်မှုများအား ကြည့်ရှု အားပေးကြသည်။
-
-
ထို့နောက် Noventy shootပစ်ခတ်စဉ်၌ အာဆီယံ တပ်မတော်များမှ ကြည်းတပ် ဦးစီးချုပ်များ၊ အဖွဲ့ဝင်အရာရှိကြီးများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
-
ယင်းနောက် သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မလေးရှားကြည်း တပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi က တစ်ဦးချင်းနှင့် အဖွဲ့လိုက်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခြင်း၊ ပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားခြင်းနှင့် ၂ဝ၁၉ ခုနှစ်တွင် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ((29th ASEAN Armies Rifle Meet-29th AARM)့) ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှား တပ်မတော်ကြည်းတပ် ဦးစီးချုပ်   Lieutenant General Tatang Sulaiman  ထံသို့ AARM အထိမ်းအမှတ် အလံအား လွှဲပြောင်းပေးအပ်ရာ အင်ဒိုနီးရှား တပ်မတော်ကြည်းတပ် ဦးစီးချုပ်က လက်ခံရယူပြီး ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
-
-
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အာဆီယံသေနတ်ပစ် ပြိုင်ပွဲ၌ မြန်မာ့တပ်မတော် ကိုယ်စားပြု သေနတ်ပစ်အသင်းမှ ဆုတံဆိပ်ရရှိသည့် အဖွဲ့နှင့် သေနတ်ပစ် အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ပြီး ရင်းရင်းနှီးနှီး အမှာစကား ပြောကြားကာ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
-
-
ယခုနှစ် (၂၈)ကြိမ်မြောက် အာဆီယံသေနတ်ပစ်ပြိုင်ပွဲ၌ မြန်မာ့တပ်မတော် ကိုယ်စားပြု သေနတ်ပစ်အသင်း အနေဖြင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁ဝ နိုင်ငံ အနက် အဆင့် ၄ ရရှိခဲ့သည်။
-
(၁ဝဝ)
_
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger