www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 19TH ACAMM ပိတ်ပွဲ ဂုဏ်ပြုညစာစားပွဲ တက်ရောက်

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 19th ACAMM  ပိတ်ပွဲ ဂုဏ်ပြုညစာစားပွဲ တက်ရောက်
-
နေပြည်တော်   နိုဝင်ဘာ  ၂၇
-
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့၊ Casa del Rioဟိုတယ်၊ KD Hang Tuah Ballroom ၌မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်ွ General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi နှင့်ဇနီး တို့က တည်ခင်းဧည့်ခံသည့် (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Chiefs of Army Multilateral Meeting-19th  ACAMM) ပိတ်ပွဲဂုဏ်ပြုညစာ စားပွဲသို့ အာဆီယံနိုင်ငံများမှ   ကြည်းတပ်ဦးစီးချုပ်များနှင့် အတူ တက်ရောက်သည်။
-
အဆိုပါဂုဏ်ပြုညစာ စားပွဲသို့    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင် အရာရှိကြီးများ တက်ရောက်ကြသည်။
-
ဦးစွာ မလေးရှားကြည်းတပ် ဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် အာဆီယံကြည်းတပ် ဦးစီးချုပ်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။  ညစာသုံးဆောင်နေစဉ်အတွင်း မလေးရှားကြည်းတပ် အဖွဲ့က အာဆီယံ တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။
-
-
ထို့နောက် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်က  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အပါအဝင် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် အာဆီယံကြည်းတပ် ဦးစီးချုပ်များအား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး   စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။
-
-
ဂုဏ်ပြုညစာစားပွဲမတိုင်မီ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်   အဖွဲ့ဝင်များသည် မလက္ကာမြို့၏  နေဝင်ဆည်းဆာ အလှများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
-
အဆိုပါမလက္ကာမြို့သည် မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ်တွင် တည်ရှိပြီး   ဒုတိယအသေးငယ်ဆုံး ပြည်နယ်ဖြစ်သည်။ မလက္ကာရေလက်ကြားနှင့် ပင်နီစူးလားကျွန်း၏ တောင်ဘက်ပိုင်းတွင် တည်ရှိကာ မြောက်ဘက်နှင့် အနောက်ဘက်တွင် နီဂရီစင်ဘီလန်းပြည်နယ်၊ တောင်ဘက်ပိုင်းတွင် ဂျိုဟိုးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး မလေးရှားသမိုင်းတွင် အထင်ရှားဆုံး မလက္ကာဆိပ်ကမ်းမြို့ တည်ရှိခဲ့သည့်ပြည်နယ်ဖြစ် ကာမြို့တော်မှာ  မလက္ကာမြို့ဖြစ်သည်။  ၁၃၇၇ ခုနှစ်မတိုင်မီက မလေးစော်ဘွားများ အုပ်ချုပ်သည့် တံငါရွာတစ်ရွာအဖြစ်သာ တည်ရှိခဲ့ကာ ၁၃၉၆ ခုနှစ်၊ မလေးစော်ဘွား ပါရာမီဆွာရာ လက်ထက်တွင် အချက်အချာ ဆိပ်ကမ်းမြို့အဖြစ် တည်ထောင်ခဲ့သည်။ မလက္ကာမြို့သည်၂ဝဝ၈ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် ယူနက်စ်ကို၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် ရှေးဟောင်းမြို့အဖြစ်စာရင်းဝင်ခဲ့ကာ ကိုလိုနီလက်အောက် မကျရောက်ချိန်ထိ မလက္ကာဆူလတန် ဘုရင်လက်ထက်တွင် ကူးသန်းရောင်းဝယ်ရေး၌ အောင်မြင်သော ဆိပ်ကမ်းမြို့အဖြစ် ၁၉ ရာစုအထိ အရေးပါခဲ့သည်။ ပေါ်တူဂီ၊ ဒတ်ခ်ျနှင့်ဗြိတိသျှတို့၏ ကိုလိုနီနယ်မြေအဖြစ် ကျရောက်ခဲ့ပြီး မြို့၏အထင်ကရနေရာများမှာ Bukit Cina တောင်ကုန်း၊ Cheng Hoong Teng Temple ၊  Sultan's Well ၊  Portuguses Square ၊ မလက္ကာပြတိုက်၊ ရှေးဟောင်းရွက်လှေ စစ်သင်္ဘောပြတိုက်၊ A' Famosa Theme Park ၊ Malaka Sentral ၊ Menara Taming   Sari ၊ ကမ်းခြေများဖြစ်သည့် Kelebang Besar ၊ Tanjung Keling နှင့် Tanjung Bidara စသည့် ကမ်းခြေများဖြစ်ကြောင်း သတင်းရရှိသည်။\
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger