www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

GTI ကျောင်း ၂၂ ကျောင်းနှင့် GTC ကျောင်း သုံးကျောင်းတို့၌ ဝင်ခွင့်လျှောက်ထားနိုင်ပြီ

GTI  ကျောင်း ၂၂ ကျောင်းနှင့်  GTC ကျောင်း သုံးကျောင်းတို့၌ ဝင်ခွင့်လျှောက်ထားနိုင်ပြီ

ရန်ကုန်  အောက်တိုဘာ ၁၄
-
ယခုနှစ်အတွက်  နိုင်ငံတစ်ဝန်းရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ စက်မှုလက်မှုသိပ္ပံ(GTI)ကျောင်းများနှင့် နည်းပညာကောလိပ် (GTC) ကျောင်းများ၌ အောက်တိုဘာ ၁ဝ ရက်မှ ၂၉ ရက်အထိ ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူကာ    စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရွှေပြည်သာမြို့နယ် စက်မှုလက်မှုသိပံ္ပ (GTI) ကျောင်း  ကျောင်းအုပ်ကြီး   ဒေါက်တာမျိုးမင်းသန့်ထံမှ  သိရသည်။
-
''နိုင်ငံတော်အနေနဲ့ သက်မွေးပညာကို ဦးစားပေး ဆောင်ရွက်နေတဲ့ အခြေအနေပေါ်မှာ သက်မွေးပညာကို ဝါသနာပါလို့ လာလျှောက်ထားတဲ့သူတွေ အတော်များလာတယ်'' ဟု ဒေါက်တာမျိုးမင်းသန့် ကပြောသည်။
-
ဝင်ခွင့်လျှောက်ထားသူများသည် တက္ကသိုလ် ဝင်တန်းကို သိပ္ပံတွဲ သို့မဟုတ် ဝိပ္ပံတွဲ ဘာသာရပ်ဖြင့် အောင်မြင်ပြီး အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် ရမှတ်အနည်းအများပေါ် မူတည်၍   လျှောက်ထား ရမည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်ဝင်ခွင့် အမှတ်မပြည့်မီသူများ အနေဖြင့်လည်း  အစိုးရနည်းပညာ အထက်တန်းကျောင်း (T.H.S)  ၌ ဝင်ရောက် လျှောက်ထားနိုင်မည့် အခွင့်အလမ်း ရှိကြောင်း သိရသည်။
-
ဝင်ခွင့်လျှောက်ထားရန် တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်း၊ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေး ထောက်ခံချက်နှင့် လျှောက်ထားသူ၏ ပတ်စပို့ဓာတ်ပုံသုံးပုံ လိုအပ်သည်။ GTI ဝင်ခွင့်ရရှိသူများ စာရင်းကို နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ကာ ဒီဇင်ဘာ ၃ ရက်တွင်  GTI ပထမနှစ်သင်တန်း စတင်ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။
-
GTI ကျောင်းများ၌  အင်ဂျင်နီယာ ဘာသာရပ်များဖြစ်သော မြို့ပြအင်ဂျင်နီယာ ဘာသာရပ် (Civil) ၊ EC ၊ EP ၊ MECH ၊ IT စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သုံးနှစ်တက်ရောက် သင်ကြားရမည်ဖြစ်ပြီး AGTI ဒီပလိုမာဘွဲ့ ရရှိမည်ဖြစ်သည်။ GTI
-
သင်တန်း ပြီးဆုံးသူများတွင် ရမှတ်ထူးချွန်သူများနှင့် အရည်အသွေး ပြည့်မီသူများ နည်းပညာတက္ကသိုလ်(TU)သို့ ဆက်လက်တက်ရောက်ခွင့်ရရှိပြီး BE ဘွဲ့ရရှိမည်ဖြစ်သည်။
-
ယခုနှစ်အတွက် နိုင်ငံတစ်ဝန်းရှိ GTI ကျောင်း ၂၂ ကျောင်းနှင့်  GTC ကျောင်းသုံးကျောင်းတို့၌  ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၆ဝဝဝ ဦးခန့် ခေါ်ယူမည်ဖြစ်သည်။ ကျောင်းတစ်ကျောင်းလျှင်  ကျောင်းသား၊ ကျောင်းသူအရေအတွက် ပျမ်းမျှ ၁၂ဝ မှ  ၄ဝဝ အထိ  ခေါ်ယူမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန် GTI မှ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၇ဝ ၊ ရွှေပြည်သာ GTI မှ ကျောင်းသား၊ ကျောင်းသူဦးရေ  ၂ဝဝ ကိုခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger