www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ သိမ်ကြီးဈေး ဈေးသူဈေးသားများက (၃၄) ကြိမ်မြောက်အဖြစ် ဆီမီး ၁၁ဝဝဝ ပူဇော်မည်


-
ကျိုက်ထို  အောက်တိုဘာ ၁၇ 
-
ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဈေးသူဈေး သားများသည် မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ (၃၄) ကြိမ်မြောက် ဆီမီး ၁၁ဝဝဝ ပူဇော်ပွဲကို အောက်တိုဘာ 
၂၄ ရက် (သီတင်းကျွတ်လပြည့်နေ့) ညပိုင်း တွင် သွားရောက်ကပ်လှူပူဇော်ကြမည်ဖြစ် ကြောင်း သိမ်ကြီးဈေး Aရုံနှင့် B ရုံ သာယာရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးကြည်လင်းထံမှ သိရသည်။
-
ယခုကဲ့သို့ လှူဒါန်းခြင်းကို နှစ်စဉ်ပြုလုပ် ပြီး အပြန်ခရီးစဉ်တွင်လည်း ပရဟိတ ကျောင်းများသို့ဝင်ကာ စုပေါင်းအလှူများ ပြုလုပ်လေ့ရှိသည်။ ''ရန်ကုန်ကနေ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာစထွက်မယ်။ သီတင်းကျွတ် 
လပြည့်နေ့ညမှာ ကျိုက်ထီးရိုးရင်ပြင်တော် ပေါ်မှာ ဆီမီး ၁၁ဝဝဝ ကပ်လှူမယ်။ ဒီနှစ် အပြန်ခရီးမှာတော့ ပရဟိတကျောင်းတွေ ကိုဝင်ပြီး စုပေါင်းအလှူလုပ်ဖို့အစီအစဉ်က လောလောဆယ်မရှိသေးပါဘူး။ မနှစ်တုန်း 
ကတော့ မိုးမပြတ်ရွာခဲ့တယ်။ ဒီနှစ်ကတောရာသီဥတု ဘယ်လိုဖြစ်မလဲမသိဘူး။ မုန်တိုင်း ရှိတယ်လို့တော့ကြားတယ်'' ဟု ဦးကြည်လင်း ကပြောသည်။ 
-
ဆီမီးပူဇော်ပွဲတွင် တရုတ်(တိုင်ပေ) လုပ် ဆီမီးခွက်များဖြင့် ထွန်းညှိပူဇော်မည်ဖြစ် သည်။ ယင်းဆီမီးခွက်များသည် လေတိုက် ပါက မီးငြိမ်းသွားခြင်းမရှိသည့်အပြင် ဒီဇိုင်းလှ၍ ထွန်းညှိရာတွင်လွယ်ကူသည်။ 
အလှူရှင်များအနေဖြင့် ဆီမီးပူဇော်ပွဲ တွင် ပါဝင်လှူဒါန်းလိုပါက ဆီမီးခွက်တစ်ခွက် လျှင် ငွေကျပ် ၅ဝဝ ဖြင့်သာ ပါဝင်နိုင်ပြီး လိုအပ်နေသည့် ငွေကြေးများကို အဆိုပါအဖွဲ့ ၏ ရန်ပုံငွေမှ ထည့်သွင်းလှူဒါန်းအသုံးပြု 
ကြောင်း သိရသည်။
-
ထက်ခိုင်(စမ်းချောင်း)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger