www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေး ပွဲ ပြုလုပ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေး ပွဲ ပြုလုပ်
-
နေပြည်တော်  အောက်တိုဘာ  ၁၇
-
၂ဝ၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)  ကိုယ်စားပြု အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။
-
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက်ဆု ရရှိကြသူများ၊ တံခွန်စိုက် ဖလားနှင့် တံခွန်စိုက် ဒိုင်းဆုရရှိသော  ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု အသင်းတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုဖလား၊ ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ  အသီးသီး ပေး အပ်ကြသည်။
-
အဆိုပါ   ဘတ်စကက်ဘော ပြိုင်ပွဲကို တပ်မတော်(ကြည်း၊ ရေ၊ လေ)ကိုယ်စားပြု အသင်းများမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် အောက်တိုဘာ ၁ဝ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger