www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

ဂန့်ဂေါ- အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူး တံတား အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဂန့်ဂေါ-  အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူး တံတား အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ဂန့်ဂေါ   အောက်တိုဘာ   ၁၇

မကွေးတိုင်းဒေသကြီးအတွင်း ဂန့်ဂေါ-အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁ဝ  ရက်မှ စတင်၍ သံကူကွန်ကရစ်ဆောက်လုပ်ခဲ့ရာ ယခုအခါလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားမှာ တံတားခန်းဖွင့် ပေ ၁ဝဝ x ၈ ခန်းဖြင့် တံတားအရှည်ပေ ၈ဝဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊  လူ သွား လမ်း အကျယ် တစ်ဖက်လျှင် ၃ ပေ၊ Plate Girder သံကူ ကွန်ကရစ်ကြမ်းခင်း၊   လက်ရန်းပါ ဆောက် လုပ်ခြင်းဖြစ်ပြီး  မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ် ၃ဝ၄၃ သန်းဖြင့် တံတား အထူး အဖွဲ့(၃) က ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား ဖွင့်လှစ်ပြီးပါက ဂန့်ဂေါမြို့နှင့်အနောက်ဂန့်ဂေါကျေးရွာတို့ အပြင် ရှုံးရှီ၊ အုပ်လှ၊ တောင်ပြင်၊  ကျည်းခင်၊ ဇီးပြား အန်းတား၊ ရောင်နက် စသည့် ကျေးရွာတို့မှာ ဂန့်ဂေါ-အိုက်ကာ  ကားလမ်းနှင့်ပါ  ချိတ်ဆက် သွားလာနိုင်မည် ဖြစ်ကြောင်းနှင့် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နှင့် ချင်းပြည်နယ် မတူပီမြို့နယ် တို့သို့    ဆက်သွယ် သွားလာမှု လွယ်ကူ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား   ဆောက်လုပ်ပြီးစီးမှုနှင့် မြို့နယ် လမ်းဦးစီးဌာန တို့မှ ချဉ်းကပ် လမ်းခင်းနေမှု အခြေအနေကို ဂန့်ဂေါ ခရိုင် အုပ်ချုပ် ရေးမှူးဦးကျော်မင်းညိုကယမန်နေ့က ကြည့်ရှု စစ်ဆေးခဲ့ပြီး တံတားပြီးစီးပါက ကြိုတင်ပြင်ဆင် ဆောင် ရွက်ရမည့် အခြေအနေ များကို မှာကြားကြောင်း  သိရသည်။              

တောင်သား မောင်သန်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger