www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

ကျိုင်းတုံမြို့ ရှိ သီလရှင်ကျောင်းတိုက်များမှ သာသနာ့အနွယ်ဝင်သီလရှင်များအား သီလရှင်ဝတ်ရုံများဆက်ကပ်လှူဒါန်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ



နေပြည်တော် အောက်တိုဘာ ၁၇ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလရှင်ကျောင်းတိုက်များမှ သာသနာ့အနွယ်ဝင်သီလရှင်များအား တြိဂံဒေသတိုင်းစစ် ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက 
သီလရှင်ဝတ်ရုံများ ဆက်ကပ်လှူဒါန်းခြင်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယနေ့နံနက်ပိုင်းတွင် ခေမရဋ္ဌပြည်ငြိမ်းအေးစေတီတော်၌ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လ စာသင်တိုက်ဆရာတော် မဟာဓမ္မာစရိယအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇယျနှင့်သာသနာ့အနွယ်ဝင်သီလရှင်များကြွရောက်တော်မူကြသည်။
-
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့် အရာရှိ ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများက သာသနာ့ဝေပုလ္လစာသင်တိုကဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး တိုင်းမှူးက ဆရာတော်အား သင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
-









-
ထို့နောက် တိုင်းမှူးက ကျိုင်းတုံမြို့ရှိ သီလရှင်ကျောင်းတိုက်များမှ သာသနာ့ အနွယ်ဝင်သီလရှင် ၁၁ဝ ပါးအတွက် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် သီလရှင်ဝတ်ရုံ၊ ခြုံထည်နှင့် ထီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သာသနာ့အနွယ်ဝင်သီလရှင်များအား
 ခေမရဋ္ဌပြည်ငြိမ်းအေး စေတီတော်ရင်ပြင်၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ 
ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း 
သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger