www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

ငွေကျပ် ၁ဝဝဝ တန်အောင်ဘာလေထီလက်မှတ် ရောင်းချလိုသူများ နိုဝင်ဘာ ၁၆ ရက် နောက်ဆုံးထား လျှောက်ထားရမည်


-
ရန်ကုန်  အောက်တိုဘာ  ၁၇  
-
ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေထီလက်မှတ် ရောင်းချလိုသူများအနေဖြင့် အရောင်းကိုယ်စားလှယ် လျှောက်လွှာကို နိုဝင်ဘာ ၁၆ ရက် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
-
ထီစာအုပ်ဝယ်ယူရောင်းချလိုသူများအနေဖြင့် ထီ လုပ်ငန်းအမှန်တကယ်ဆောင်ရွက်သူဖြစ်ရမည်ဖြစ်ပြီး ထီစာအုပ်တစ်အုပ်လျှင် အာမခံငွေ ငွေကျပ် ၂ဝဝ နှုန်း ဖြင့် သုံးလစာကြိုတင်ပေးသွင်းရမည်ဖြစ်သည်။
-
ထို့ပြင် တစ်လလျှင် မိမိရောင်းချမည့် ထီစာအုပ် အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန် ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကိုဖော်ပြကာ မပျက်မကွက်ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူစာချုပ် ကို ချုပ်ဆိုရမည်ဖြစ်သည်။
-
ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက် အတည် ပြုချက်ရရှိပါက သဘောတူကတိစာချုပ်ချုပ်ဆိုခြင်း  နှင့် အာမခံငွေပေးသွင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရ        မည်ဖြစ်သည်။
-
''ငွေကျပ် ၁ဝဝဝ တန် ထီလက်မှတ်တွေရောင်းချနိုင် ရင် နိုင်ငံတော်အခွန်ရရှိမှုတိုးတက်လာမှာပါ။ ပြင်ပထီ လက်မှတ်ဈေးနှုန်းကြီးမြင့်မှုတွေလည်း အထိုက်အလျောက် လျော့ကျမှာပါ'' ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။
-
အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလို ပါက အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)၊ အောင် ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) နှင့် မိမိတို့ နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၌ 
လျှောက်ထားနိုင်ကြောင်း သိရသည်။
-
ကျော်က
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger