-
စစ်တွေ အောက်တိုဘာ ၁၃
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏
မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ပိုင်းတွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ
ကြသည်။
-
ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အား ပြည်နယ်
အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော ဦးအောင်ကျော်ဇံ၊
ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြ သည်။
-
အထူးကိုယ်စားလှယ်
နှင့်အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောဒေသတို့သို့ သွားရောက်၍
လူမှုအသိုက်အဝန်း များနှင့် တွေ့ဆုံကာ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့်
လုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။
-
ကျော်သူဝင်း၊ အောင်ကျော်ဦး
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment