www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 14, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့်ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့်ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ
-
တောင်ငူ အောက်တိုဘာ ၁၃
-
ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ ရေတာရှည်နှင့် ထန်းတပင်မြို့နယ်တို့ မှ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့ စစ်မှုထမ်းဟောင်းရုံးမှ ရန်ကုန်-မန္တလေးကားလမ်းနှင့် ဗိုလ်မှူး ဖိုးကွန်းလမ်းထောင့်ရှိ မင်းကြီးညို ရုပ်တုရှေ့၌ တပ်မတော်ကိုထောက်ခံ ခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ် ဖော်ပွဲကျင်းပကြောင်း သိရသည်။
-
ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်းအလံ များနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှု မှန်သမျှ တို့လက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက် သော ကုလသမဂ္ဂအချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာကို တို့လုံးဝ လက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင် ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန် အဖွဲ့ဝင်များ အင်အား ၂ဝဝ ဦးတို့က တစ်နာ ရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါ အဝင် ၆၉ ကြိမ် စုစုပေါင်းအင်အား ၅၉၄၂၃၈ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger