www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် အောက်တိုဘာ ၁၄
-
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာ၌ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့်  လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ  ကျိုးကျပျက်စီးခြင်းများ  ဖြစ်ပေါ်ခဲ့သည်။
-

-
အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ကိုင်းတပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ ပျက်စီးမှုများအား ရှင်းလင်း ဖယ်ရှားပေးခြင်း၊လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger