www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 17, 2018

ပြင်ဦးလွင်မြို့နယ် မန်ကျည်းအင်ကျေးရွာအနီး ရဲရွာရေအားလျှပ်စစ်သွားလမ်းတွင် ယာဉ်နှစ်စီးတိုက်မှုကြောင့် သုံးဦးသေဆုံး



ပြင်ဦးလွင် ၁၇-၉-၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု မန်ကျည်းအင် ကျေးရွာအနီး ရဲရွာရေအားလျှပ်စစ် အသွားလမ်းကိုးမိုင် ခြောက်ဖာလုံတွင် ယာဉ်နှစ်စီးတိုက်မိခဲ့ရာမှ ခြောက်ဦး ဒဏ်ရာရရှိပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် လွန်ကောင်း ကျေးရွာအုပ်စု မန်ကျည်းအင် ကျေးရွာအနီး ရဲရွာရေအားလျှပ်စစ် အသွားလမ်း ကိုးမိုင်ခြောက်ဖာလုံတွင် ယနေ့ညနေ ၃ နာရီခန့်က ဘုရားဖူးယာဉ် လိုက်ထရပ်အဖြူ ရောင်ယာဉ်နှင့် HiluxVigo ယာဉ်တို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အုန်းချောရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးအောင်ကျော်မင်းတွင် မျက်နှာဖူးရောင်ဒဏ်ရာ၊ အောင်တင်ဝင်းတွင် ဝဲခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာ၊ မဇွန်ဝေဝေထွန်းတွင် နဖူးပေါက်ပြဲ ဒဏ်ရာ၊နှာခေါင်းပေါက်ပြဲဒဏ်ရာ၊မောင်သန့်ဇင်ထွန်းတွင် နဖူးပေါက်ြပဲဒဏ်ရာ ယာခြေထောက်ပေါက်ပြဲ ဒဏ်ရာ၊ဒေါ်အမကြီးတွင် ဦးခေါင်းပေါက်ပြဲ၊ယာပေါင်စုတ်ပြဲ၊ ရင်ဘတ်ပွန်း ဒဏ်ရာ၊မဇင်မီမီဖြိုးတွင် ရင်ဘတ်ပွန်းပဲ့ဒဏ်ရာ၊ ဒေါ်သိန်းကြည်တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ(သေဆုံး)၊မြင့်လွင် ယာဉ်မောင်းတွင် ဦးခေါင်းကြေမွဒဏ်ရာ(သေဆုံး)နှင့် ရွှေရည်ထွန်းတွင် မျက်နှာစုတ်ပြဲဒဏ်ရာ (သေဆုံး)တို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူခြောက်ဦးနှင့် သေဆုံးသူသုံးဦးတို့ကို မန္တလေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger