www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 17, 2018

မြန်မာရေလုပ်သားများအတွက် လိုအပ်သည့်တရားမဝင်အထောက်အထားများကို ယခုလမှစတင်၍ ဆောင်ရွက်ပေးသွားမည်



နေပြည်တော် ၁၇-၉-၂၀၁၈

ထိုင်းနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု အထောက်အထားမရှိဘဲ လုပ်ကိုင်နေကြသည့် မြန်မာရေ လုပ်သားများအတွက် လိုအပ်သည့် တရားဝင် အထောက်အထားများကို စက်တင်ဘာလမှ စတင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ရာတွင် အချို့သော အလုပ်သမားများမှာ တရားမဝင် သွားရောက်လုပ်ကိုင် နေကြရာမှ အထောက်အထားမဲ့ တရားမဝင် လုပ်သားများအဖြစ် အခက်အခဲဖြစ် နေကြရကြောင်း သိရသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ ရေလုပ်ငန်းများတွင် အထောက်အထားမဲ့ တရားမဝင်သွားရောက် လုပ်ကိုင်မှုများ ရှိနေသောကြောင့် ထိုင်းနိုင်ငံ ရေလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာရေ လုပ်သားများထဲမှ အထောက်အထား မရှိသူများ၊ ယာယီနိုင်ငံကူး လက်မှတ်သက်တမ်း (သို့မဟုတ်) မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) သက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများ၊ ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများ အတွက် လိုအပ်သည့် အထောက်အထားများကို ယခုလမှ စတင်၍ One Stop Service ဖြင့်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger