www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 16, 2018

မောင်တောမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး


ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့ လှဖိုးခေါင်ကြားစခန်းရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် များ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို Modular House ကြည့်ရှုစစ်ဆေးစဉ်။

မောင်တော ၁၆-၇-၂ဝ၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်တို့ ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရန် ယနေ့နံနက်ပိုင်းက မောင်တောမြို့သို့ ရောက်ရှိသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းတောင်သို့ သွားရောက်ပြီး အိမ်ရာများ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အိမ်ရာများ အမြန်ဆောက်လုပ် ပြီးစီးနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် မောင်တောမြို့နယ်အတွင်း ဂျပန်နိုင်ငံက လှူဒါန်းသည့် နေအိမ်အလုံး ၆ဝဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် မောင်တောမြို့နယ်ရှိ လောင်းဒုံ-ငါးခူရလမ်းပိုင်း ပြင်ဆင်နေမှု အခြေအနေကိုစစ်ဆေးပြီး ငါးခူရ ပြန်လည်လက်ခံရေး စခန်းသို့ သွားရောက်ကာ စခန်းတွင်တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ
နှင့်တွေ့ဆုံ၍လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကာ နေအိမ်များတည်ဆောက်မှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းသည့် သြိကူမေံသကျန များ ဆောက်လုပ်ပြီးစီးမှု
နှင့် စခန်းအတွင်း ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေ
ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မောင်တောမြို့နယ် လှဖိုးခေါင်-ရွှေဇားလမ်းပိုင်း အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မောင်တောမြို့ပေါ်ရှိ မြို့မကျောင်းတိုက်သို့ သွားရောက်ကာ တောင်ပြိုလက်ဝဲ နံ့သာတောင် ပရဟိတကျောင်းတွင်စာပေသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများကို ဆန်အိတ်၁၂ဝ၊ ပဲပိဿာ၆ဝဝ၊ ဆီပိဿာ၁၅ဝ၊ ဆားပိဿာ၃ဝ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger